Ep........9

2.1K 174 1
                                    

Zawgyi 🍀

"ဝန အဖွားကြီးရော "

အိမ်ထဲ ဝင်ဝင်ချင်း ဆိုဖာမှာ ထိုင်ပြီး လက်သည်းနီ ဆိုးနေတဲ့ ကြယ်တာရာက မေးသည်။

"သေတော့ မသေသေးပါဘူး"

ဝနက ကြယ်တာရာဆီသွားပြီး ကြယ်တာရာရဲ့ ခါးကို အနောက်ကနေ ဖက်လိုက်သည်။

"အို ဝနကကွာဒီမှာ မ လက်သည်းနီ ဆိုးနေတယ်လေ"

"အာ အလုပ်တွေ ရှုပ်နေတာနဲ့ မ ကိုမတွေ့ရတာ လွမ်းနေတာ"

ဝနကျော်စွာရဲ့ အပြောကို ကြယ်တာရာက ဝနဘက်လှည့်ပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။

"အင်း ပင်ပန်းသွားရပြီ နောက်ဆုံးတော့ အရာအားလုံး မတို့လက်ထဲ ရောက်လာခဲ့ပြီ"

"ဒါပေါ့"

ဝနကျော်စွာက ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အတွက် လင်လင်တွေအဖြစ် တရားဝင်နေပာသေးတယ် ဆိုပြီး ရှင်းနောင်ဦး သေဆုံးသွားတဲ့အတွက် သူက ရှင်းနောင်ဦးရဲ့ ပိုင်ဆိုင်မှုကို တစ်ဝက်ယူလိုက်သည်။ အိပ်ရာထဲ လှဲနေတဲ့ ဒေါ်ခင်မူယာဦးလဲ ဘာမှ မတတ်နိုင်။ အိမ်ကို ပိုင်ဆိုင်မှု ခွဲတဲ့အတွက် အိမ်အစား ရှယ်ယာ၁၀%ထပ်ပေးလိုက်ရသည်။

ဒေါ်ခင်မူယာဦးလဲ စိတ်သွားတိုင်း ကိုယ်မပါတော့ မျက်ရည်ကျရုံမှ တစ်ပါး မတရားမှုကို မတွန်းလှန်နိုင်ခဲ့။

ဝနကျော်စွာ ကတော့ ကြယ်တာရာတို့ ကုမ္ပဏီ PGနဲ့ ပူးပေါင်းပြီး ကုမ္ပဏီကို သူ့အပိုင်ဖြစ်လုပ်ကာ လက်ဝါးကြီးအုပ်သည်။ XMဆိပ်ကမ်းကို ကြယ်တာရာကို ပြန်လွဲပေးပြီး XM ကုမ္ပဏီနဲ့ PG ကုမ္ပဏီကို ပူးတွဲ အုပ်ချုပ်သည်။

"မင်းရဲ့ လက်ရည်ကိုင်ရည်ကြောင့် ကမ်းလှမ်းတာမို့ မင်းမငြင်းသင့်ဘူးနော် ငါ့ ကုမ္ပဏီမှာသာ ဆက်လုပ်ရင် မင်းအခွင့်အလမ်းအများကြီး ရမှာနော်"

ဝနကျော်စွာရဲ့ အပြောကို နောင်မြတ်ပိုင်က ရယ်လိုက်သည်။

ရှင်းနောင်ဦးရဲ့ အတွင်းရေးမှူး နောင်မြတ်ပိုင်ကို ဝနကျော်စွာက ခေါ်တွေ့သည်။ လုပ်ရည်ကိုင်ရည် လက်မြင်တဲ့ နောင်မြတ်ပိုင်လို လူမျိုးကို ကုမ္ပဏီတိုင်းက လိုချင်ကြသည် ။

After the painWhere stories live. Discover now