Zawgyi
အရေးပေါ်ခန်းရှေ့မှာ အတ္တ ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေမိသည်။
အာကာမိုးမာန် ဘာမှဖြစ်လို့မရဘူး။ သူ့ရဲ့ တစ်ဦးတည်းသော သွေးသား အကို.......အကိုရှိဆိုသည့် ခံစားချက်မျိုး ရလာတာမှ မကြာသေး လက်လွှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
သူ့ရဲ့ ကံက ဒီလောက်ဘဲ ဆိုးရလား.....ငယ်ငယ်က မိခင်ဖြစ်သူက အသတ်ခံရပြီး သေဆုံးသွားခဲ့ပြီး အကိုဖြစ်သူက ပျောက်ဆုံးခဲ့တယ်။ဒိလို ဆုံးရှုံးမှုတွေ အနည်ထိုင်ခါစမှာ ဖခင်ဖြစါသူကို ထပ်ဆုံး ရှုံးခဲ့ရတယ်။ လုပ်ငန်းတွေထဲမှာ စိတ်နှစ် ဦးစီးနေတုန်း သူ့ဘေးအမြဲ ဂရုစိုက်ပေးခဲ့တဲ့ လရောင် ကို ချစ်မိခဲ့မိတယ်။ သူ့ဘဝကြီး အေးချမ်းသွားပြီ ထင်နေမိပင်မယ့် လရောင်ကိုပါ ထပ်ဆုံးရှုံးခဲ့တယ်။
ဘဝတစ်လျှောက်လုံး ဖခင်လို့ ထင်ထားခဲ့သူကလဲ ဖခင်မဟုတ်ဘူးတဲ့။ အခုမှ အကိုဖြစ်သူနဲ့ အေးဆေးနေမယ် ရှိသေး ထပ်ပြီး ဆုံးရှုံးရမလို ဖြုစ်နေပြီ။ သူ့ရဲ့ ကံကိုက အနားမှာ ဘဟ်သူမှ မရှိသင့်တဲ့ ကံမျိုးလား။
ဒီလို ကံမျိုးဆိုလဲ သည်းငယ်နဲ့ သူ့အကိုကိုတော့ သူမဆုံးရှုံးချင်ပါ။
"Boss ကြယ်တာရာနဲ့ သူ့နောက်လိုက်တွေကို ဖမ်းမိပါပြီ"
"အပြစ်ပေးခန်းထဲ အကုန်ထည့်ထားလိုက် ရေတောင် မတိုက်နဲ့ ....အားလုံးကို ငါကိုယ်တိုင် သတ်ပစ်မယ်!!!"
အတ္တရဲ့ သွေးတွေ ဆူပွက်နေသည်။ သူ့မိသားစုဝင်တွေကို ထိတဲ့ လူမှန်သမျှ သူအပြတ်ရှင်းပစ်မှာ။ အားလုံးကို သတ်ပေးမယ်။ ရာရာစစ ငါ့ရဲ့ မိသားစုကိုမှ လာထိရဲတယ်ပေါ့....
အရေးပေါ်ခန်းထဲက ဆရာမ တစ်ယောက် ထွက်လာတာကြောင့် အတ္တ အခန်းရှေ့ ပြေးသွားလိုက်သည်။
"ဆရာမ အခြေအနေ"
"အခြေအနေကတော့ သေချာ မသိသေးဘူး။ အခု လူနာက သွေးထွက်လွန်နေတယ် ....သွေးလှူရအောင် ရှင်တို့ထဲ ဘယ်သူABသွေးရှိလဲ"
"ကျွန်တော် ABသွေးပါ"
"ဟုတ်ကဲ့ ဒါဆို ကျွန်မနောက် လိုက်ခဲ့ပေးပါ"