Zawgyi
လင်းချုံ ရယ် Kရယ် အတ္တရယ် လင်းချုံ ပါးပါးရှေ့မှာ ထိုင်နေကြသည်။ လင်းချုံနဲ့ Kက ဘာတစ်ခုမှ မပြောပေ။ အကြောင်းစုံ သိသွားတဲ့ လင်းချုံ ပါးပါးကတော့ သူ့သားကို မျက်ထောင့်နီနဲ့ ကြည့်သည်။
"ငါက မိန်းမပေးစားဖို့ လာပြန်ခေါ်တာ သူက လင်ရနေပြီတဲ့
လူကြားလို့ောတင် မကောင်းဘူး"လင်းချုံက သူ့ပါးပါး စိတ်ဆိုးပြိး ပြောနေတာကို ထရယ်တာကြောင့် အတ္တ တံတောင်နဲ့ တွတ်လိုက်သည်။
"အဲ့တော့ မင်းက ဒီကောင်နဲ့ မခွဲနိုင်ဘူးပေါ့"
လင်းချုံ Kကို လှမ်းကြည့်လိုက်သည်။ Kက ခေါင်းငုံ့ထားသည်။
"သူ့ကိုမေး "
လင်းချုံ Kကို ရည်ညွှန်းကာ ပြောလိုက်သည်။ မင်းသတ္တိ ရှိနိုင်မလား ကြည့်မယ် K။ ဒီတစ်ခါ မင်းမပြတ်မသားနဲ့ သတ္တိမရှိရင် ငါတို့ တကယ်ဝေးပြီ။
"ကျစ် ငါလုပ်ရင် သေတော့မယ်....ကဲပြော မင်းကတော့ရော ငါ့သားနဲ့ မခွဲနိုင်ဘူးပေါ့ ။ ပြီးတော့ ငါ့သားရဲ့ အခြေအနေက ငါရဲ့ အမွေဆက်ခံသူ မင်းက အတ္တရဲ့ လက်ရုံး အဆင့်သာသာဘဲ"
"Kက ကျွန်တော့်ရဲ့ လက်ရုံးအဆင့်ထက် ပိုပါတယ်။ ညီအကိုတွေလိုဘဲမလို့ Kကို နှိမ်ချဆက်ဆံခွင့်ဘယ်သူကိုမှ မပေးထားဘူး!!!"
အတ္တရဲ့ အသံမာမာကြောင့် လင်းချုံပါးပါး မျက်နျာပျက်သွားသည်။
"okလေ ဒါပင်မယ့် ငါ့က သဘောမတူဘူးဆိုရင် မင်းဘာလုပ်မှာလဲ K"
အားလုံးရဲ့ အကြည့်ကာ Kဆီ ရောက်သည်။ ချောင်းနားထောင်နေတဲ့ Jနဲ့ နောင်မြတ်ပိုင်ကလဲ အသဲယားနေသည်။ သူတိုထြက် စပ်စုတဲ့ ရှင်းနောင်ဦးကတော့ အတ္တကို အသံဖမ်းစက်ယူသွားခိုင်းပြီး အခန်းထဲက နားထောင်နေသည်။
"ဦးလေး သဘောမတူရင် လင်းချုံကို ပြန်ခေါ်သွားပါ ကျွန်တော် မတားပါဘူး"
Kစကားကြောင့် လင်းချုံ အသက်ရှု ရပ်သွားမတတ် ဖြစ်သွားသည်။
"ကောင်းပြီလေ မင်းတားလို့လဲ မရပါဘူး ငါပြန်ခေါ်သွားမှာ
လင်းချုံ မင်းအကောင်က မင်းကို မဆွဲထားဘူးဆိုတော့ မင်းအထုတ်တွေ သွားသိမ်းတော့"