Ep......61

930 97 2
                                    

Zawgyi

ထမင်းဝိုင်း တစ်ဝိုင်းထဲမှာ အရင်အိမ်ထောင်က ယောကျာ်းနဲ့ လက်ရှိ ယောကျာ်းနဲ့ အတူထိုင်နေရတာ ရှင်းနောင်ဦး အတွက် သိပ်တော့ အနေမချောင်လှပေ။ဒီလို  ထမင်းဝိုင်းက တစ်လလောက်ရှိပြီ ဆိုပင်မယ့် သူ့အတွက် အနေရခက်တုန်းပင်။  ပြီးတော့လေ နှစ်ယောက်စလုံးက ညီအစ်ကို။ အားလုံးကို ပြန်တွေးမိရင် အတ္တကိုဘဲ သနားမိသည်။

"သည်းငယ် စားမကောင်းလို့လား"

ထမင်းစား နည်းသည့် သူ့ကို အတ္တက ဟင်းထည့်ပေးရင်း မေးသည်။

"ဟင့်အင်း ဗိုက်သိပ်မဆာလို့ပါ"

"ဒါဆို စားနိုင်သလောက်စား ပြီးရင် စားချင်တာ ပြော ကိုယ်ချက်ပေးမယ်နော်"

"အွန်း"

အနေခက်နေတဲ့ သည်းငယ်ကို နားလည်ပင်မယ့် နောက်လဲ တွေ့ရမယ့် သူတွေဘဲမို့ အတ္တ စံအိမ်တစ်ခုထဲမှာဘဲ အတူနေဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။ အာကာမိုးမာန်က တခြားစံအိမ်မှာ နေမယ် ပြောပင်မယ့် အနေရခက်မှုကြီးကို မဖြစ်စေဘဲ ဘာမှ မဖြစ်သလို နေသွားစေချင်သည်။

"အတ္တ ငါ Kနဲ့ လေ့ကျင့်ရေးစခန်း လိုက်သွားအုံးမယ်"

"ခွင့်တောင်းစရာမလိုပါဘူး တကယ်ဆို မင်းက အကြီးလေ
ဒီအိမ်တွေ ဒီလုပ်ငန်းတွေမှာလဲ မင်းပိုင်ဆိုင်တွေ ပါတာမလို့
မင်းစိတ်ကြိုက် သွားလာ ပြောဆိုခွင့်ရှိတယ်"

"မင်းပြောတာကို နားလည်ပင်မယ့် ငါမရှိတဲ့ ချိန်မှာ မင်းကဘဲ ဦးစီးဦးဆောင်လုပ်ခဲ့တာလေ ပြီးတော့.....ငါစီးပွားရေး လုပ်ငန်းတွေ စိတ်မဝင်စားတော့ဘူး အေးအေးဆေးဆေး ငါ့ဝါသနာ စာလေးရေးပြီးဘဲ နေချင်တော့တယ်"

"မင်းသဘောပါ "

အာကာမိုးမာန်နဲ့ စကားပြောပြီး အတ္တ အပေါ်ထပ် တတ်လာလိုက်သည်။မှန်ကြည့်ကာ ဗိုက်ကလေးကို ပွတ်ပြီး သဘောကျနေသည့် သည်းငယ်ကို သူအနောက်နေ ဖက်လိုက်သည်။

"ကိုယ်တို့ ကလေးလေး မွေးတော့မယ်နော်"

"အင်း dateက သိပ်မလိုတော့ဘူး နောက်လထဲမှာဘဲ.....
ငါစိတ်လှုပ်ရှားလိုက်တာ"

After the painWhere stories live. Discover now