Zawgyi
ကစားကွင်းကို ယောင်နနနဲ့ ရောက်သွားပင်မယ့် နှစ်ယောက်သား ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေကြသည်။
"ကစားကွင်းရောက်ပြီဆိုတော့ စီးစရာတွေ လိုက်စီးရအောင်"
ရှေ့က ထွက်သွားသည့် သူ့အကိုက သူငယ်ပြန်နေသလားလို့ သူစစ်ဆေးဖို့ လိုပြီ။
ကစားကွင်းကို တစ်ခါမှ မရောက်ဖူးတော့ ဒါကို ဘယ်လိုခေါ်လဲတော့ မသိ။ ထိုင်ခုံများမှာ ခါးပတ်များ ပတ်ပြီး သူတို့ ညီအကို နှစ်ယောက် ဘေးချင်ယှဉ်ချက် ထိုင်လိုက်သည်။
"အတ္တ မကြောက်နဲ့နော် ကြောက်ရင် ငါ့ကို ပြော ဒီအကိုကြိး ရှိတယ်"
အာကာမိုးမာန် စကားကြောင့် အတ္တရယ်လိုက်သည်။ သူက ကြောက်ရမယ်။ သူကြောက်တဲ့အရာဆိုလို့ ဒီကမ္ဘာ တစ်ခုဘဲ ရှိတယ်။ အဲ့ဒါ သည်းငယ်ကိုပင်။ လက်သေးသေးလေးနဲ့ နားရွက်များ ဆွဲလိုက်ရင် နားရွက်ပြတ်မတတ်။ ဒီလိုကလဲ သူ့ကို သည်းငယ်ကဘဲ လုပ်ရဲတာလေ။
သူတို့စီးတဲ့အရာက စစတုန်း ပုခက်လွဲသလို ဖြည်းဖြည်းချင်း လွှဲသည်။ ခဏနေတော့ လွှဲတာ မြန်လာပြီး အမြင့်ဆုံးထိ ရောက်ကာ တစ်ပတ်လည်ပြီး အောက်ပြန်ကျသည်။
ဘေးက အာကာမိုးမာန်နဲ့ တခြားလူများရဲ့ အော်သံကြောင့် အတ္တ မျက်မှောင်ကြုတ်လိုက်သည်။ ဒါလေးကို ဒီလောက် အော်ရလား........
ဒီအကိုကြီးရှိတယ် ဆိုတဲ့ သူ့အကိုကလဲ အော်လိုက်တာမှ ပြဲနေရော။
"ဟောဟဲ ဟောဟဲ "
အော်ရတာ မောသွားသည့် အာကာမိုးမာန်ကို အတ္တ ရေဘူး ပေးလိုက်သည်။
"ကျေးဇူးဘဲ ဒါနဲ့ မကြောက်ဘူးလား "
"ဒီထပ်ဆိုးတဲ့ အန္တရာယ်မျိုးတွေ အမြင့်မျိုးတွေကနေ လေ့ကျင့်ရေးတွေ လုပ်ဖူးတာမလို့ ဒီလောက်ကို မကြောက်ဘူး"
"အွန်းး မင်းအများကြီး ပင်ပန်းခဲ့မှာဘဲ "
အတ္တခေါင်းသာ ငြိမ့်ပါလိုက်သည်။ သူတကယ်လဲ ပင်ပန်းခဲ့သည်။ အကိုမရှိတော့တဲ့ နောက်မှာ အကြီးဆိုသည့် တာဝန်တွေက သူ့အပေါ် အကုန်ပိကျလာသည်။ အာကာမိုးမာန်သာ မပျောက်သွားခဲ့ရင် သူ့အပေါ် အဲ့လောက် ဝန်ပိမှာ မဟုတ်ဘူး။