Zawgyi
အိပ်နေတဲ့ သည်းငယ်ကို စောင်သေချာ ခြုံပေးကား Kခေါ်
ရာကို အတ္တလိုက်သွားလိုက်သည်။"အခြေအနေ ဘာထူးလို့လဲ လင်းချုံ"
လင်းချုံကို မေးတော့ လင်းချုံက screenပေါ်ကို ညွှန်ပြသည်။
"ဒါက......"
အတ္တ ခဏတော့ ကြောင်သွားသည်။ ဦးရှိန်ရာ နောက်မှာ အကောင်ကြီးကြီး တစ်ယောက်ရှိနေတယ် ဆိုတာ ထင်တော့ ထင်သား။ ကြေးစားဂိုဏ်းရဲ့ ခေါင်းဆောင်လို့တော့ မထင်မိတာ အမှန်ဘဲ။
ထိုဂိုဏ်းရဲ့ ခေါင်းဆောင်က ရှောင်တမ်းပြီး ဘုန်းတော်ကြီး လုပ်နေမှန်း အတ္တအတွက် သိတာ ကြာလှပေါ့။ ဦးရှိန်ရာရဲ့ အချိတ်အဆက်မရှိလောက်ဘူး ထင်ထားတာ။
ဒါပင်မယ့် ထိုဂိုဏ်းခေါင်ဆောင်က ကိုယ်ယောင်ဖျောက်နေကတည်းက သူတို့လောကနဲ့ ဆက်ပြီး မပတ်သတ်တော့ပေ။ ဒါနဲ့ များ ဦးရှိန်ရာနဲ့ ဘယ်လို ချိတ်ဆက်မိလဲတော့ မသိ။
သေချာတာက ဦးရှိန်ရာက ချုပ်ကွက် ကောင်းကောင်း ဆုပ်ကိုင်ထားတယ် ထင်ပါ့။
"အတ္တ ဦးရှိန်ရာ တစ်နေရာ ဆက်သွားနေပြီ။ "
လင်းချုံအပြောကြောင့် screenပေါ်သာ အာရုံပြန်စိုက်လိုက်သည်။
ဥိးရှိန်ရာက ဘုရားကျောင်းရဲ့ အနောက်ဘက်ကို ဆက်သွားနေပြီး ခဏရပ်သွားသည်။ထိုအနောက်ဘက်မှာ သစ်သားတံခါး တစ်ချပ်သာ ရှိပြီး ထိုနေရာက ထွက်ရင် ဘုရားကျောင်း အဆောင်မှ ထွက်သွားသည်။
ဦးရှိန်ရာက ထိုနေရာတွင်ရပ်ကာ သစ်သားတံခါးရဲ့ အလယ်တည့်တည့်က သစ်သားလေးပြားလေးကို ဖြုတ်လိုက်တော့ လျှို့ဝှက်နံပါတ် ခလုတ်လေးတွေ ပေါ်လာသည်။
ဦးရှိန်ရာက passwordကို ဖွင့်လိုက်တော့ ဦးရှိန်ရာ ရပ်နေတဲ့ နေရာက အောက်ကို တဖြည်းဖြည်း ဆင်းသွားသည်။
ဘုရားကျောင်း အောက်မှာ မြေအောက်ခန်း လုပ်ထားခြင်းပင်။မြေအောက်ခန်းမှာ မီးများ လင်းထိန်နေပြီး အခန်းတစ်ခန်းရှေ့တွင် ရပ်သွားသည်။ ဦးရှိန်ရာ ထိုတံခါး passwordကို ဖွင့်ပြီး ဝင်သွားသည်။