5K 135 15
                                    

#Unicode
" သွန်း "

" အင်း"

သွန်းက မထူးချင်ထူးချင် အသံပြုသည်။

" ငါ ပြန်တော့မယ်နော် "

" မင်း ဒီညပြန်ရင် ငါနဲ့ပြတ်ပြီ ကိုသော်"

" သွန်း.... ငါ့ကို အဲဒီလိုမပြောပါနဲ့ကွာ"

မလင်းချင်လင်းချင် ဝါကျဉ်ကျဉ်မီးဆိုင်းအောက်တွင် သွန်း၏ အလင်းပြန်နေသော မျက်နှာတစ်ခြမ်းက ရဲသွမ်းသွေးနေသည်။ ကိုသော် ယခုအခြေအနေအား ရင်ဆိုင်ရန်ဝန်လေးလှသည်။ ပေအနည်းငယ်သာ ကျယ်သော တိုက်ခန်းတွင် သူတို့နှစ်ဦးတည်း။

" မင်းက ကလေးလား? ညတိုင်း အိမ်ပြန်ရအောင် "

ကိုသော်က ပြန်ချေပရန် အံကြိတ်အားယူပြီးမှ

" ၁၈နှစ်က လူကြီးမှမဖြစ်သေးတာ သွန်း"

" ဘာ! အဲဒါဆိုလည်း ငါ့ကို ဘာလို့ ချစ်သူတော်ထားသေးလဲ? "

" ချစ်သူတော်တာနဲ့ ညအိပ်တာနဲ့ ဘာဆိုင်လို့လဲ "

ထိုမေးခွန်းသည် ကိုသော် အမှန်တကယ်မသိ၍ မေးမိခြင်း။ သွန်းက စိတ်မရှည်ဟန် ကျစ်ခနဲ စုပ်သပ်သည်။

" မင်းမိဘတွေ ဒီမှာမှမရှိတာ။ ငါနဲ့နေလို့မရဘူးလား"

ကိုသော် တစ်ခဏမျှ တွေဝေသွားရှာသည်။ အချိန်အနည်းငယ်ကြာသည်အထိ အဖြေပြန်မလာသဖြင့် နဂိုက စိတ်မရှည်သည့် သွန်းဒီမောင်ခမျာ အားမလိုအားမရဖြစ်၏။ ကိုသော့်ရင်အား လက်ဖဝါးနှင့် အကြိမ်ကြိမ်တွန်းရင်း

" ပြောလိုက်ရင် မထုံတတ်တေးနဲ့ ! မင်းက မိန်းမလား?! ကြောက်နေရအောင်"

သွန်းအပြောကြောင့် ကိုသော့်စိတ်ထဲလေးပင်သွားသည်။ တရစပ်တွန်းနေသည့် သွန်း၏လက်ကို ဆုပ်ကိုင်တားမိသည်။

" ငါ....."

"ဘာလဲ? ဘာတွေအကြောင်းပြဦးမလို့လဲ"

" ငါ.... မင်းနဲ့ တစ်နေကုန်လာနေပေးတာပဲလေ။ ညပိုင်းတော့ ပြန်မှဖြစ်မှာ။ မမ!"

ပြောရင်း ကိုသော်က ယခုမှ သတိရသွားဟန်

" ဟုတ်တယ်။ မကြယ်စင် ငါ့ကို စိတ်ပူနေလိမ့်မယ်။ ဖေဖေတို့မရှိပေမယ့် မကြယ်စင်က...!"

Agape [ OC ] COMPLETEDWhere stories live. Discover now