#Unicode
"အဆင်ပြေရင် ညီမလေး တိတိကျကျဒိတ်ကလေးပေး 🎶""ကိုယံ"
"ကိုကြီးစောင့်ခဲ့ရတဲ့ ပြဿဒါးတွေ🎶"
"ကိုယံ"
"ယတြာချေပြီး မင်းနဲ့လိုက်မယ့်နာမည်လေးရွေး🎶"
"ကိုယံ"
"ခေါ်ချင်ပြီ မင်းအတွက် ဘရန်ဒ်း နယူး...."
"ကို တိမ် ယံ ဦး ဝေ!"
" နိမ်း...နိမ်း....နိမ်း...အဲ"
မနက်ခင်းအစောကြီး စိတ်ပါလက်ပါ ဆံပင် သ ပြီး ဒူးနံ့ကာ သီချင်းဆိုကောင်းနေသည့် ကိုယံ့အား ကိုသော် အခါခါခေါ်ရသည်။
"ဘာလဲ ညီ"
" ဒီနေ့ ကျောင်းမတက်ဘဲ ဘယ်သွားမှာလဲလို့။ အရေးကြီးလို့လား"
ကိုယံ့မျက်နှာသည် အလွန်အကြူးရွှင်မြူးနေသည့်ဟန်။ ကိုသော်၏ မယုံသင်္ကာအမေးကို ကြားတော့ မှန်ထဲကနေ သူ့ဆီကြည့်ပြီး
" Only the brave , Are the pretty တဲ့ ကိုသော်ရ ဟဲဟဲ"
" အဲဒါ ဘာပြောတာလဲ"
" ရဲရင့်သူများသာ အလှတရားနဲ့ ထိုက်တန်ကြသည် ဆိုတာလေ"
ထိုအခါ ကိုသော်က အတန်ကြာ တွေ၍နေပြီး
" ဘာလဲ။ ကိုယံ စစ်ထဲဝင်တော့မှာလား"
ကိုသော့်စကားကြောင့်
" အာ... ညီရာ ပေါက်ပေါက်ရှာရှာ ။ သေနတ်သံဆို ကြားကိုမကြားချင်တဲ့ဟာ။"
ဟူ၍ ပြာပြာသလဲငြင်းချက်ထုတ်သည်။
" ဒါဆို ကိုယံက ဘာလုပ်မလို့လဲ။ ချိန်းရိုက်တာမျိုးတွေလား"
"ဟာ...ဖွဟဲ့။ လွဲပါစေ ချော်ပါစေ"
ကိုသော့်မေးခွန်းများ အတောမသတ်သလောက် အတွေးများသည်လည်း နယ်ကျော်သွား၏။ ထို့ကြောင့် ဖုန်းနှင့်ကားသော့ယူပြီး အပြင်သွားဖို့အဆင်သင့်ဖြစ်နေသည့် ကိုယံကပင် သက်ပြင်းချလျက်
" ညီ့အတွက် မရီးရှာပေးမလို့ဟေ့။ ကိုသွားပြီ။ နေ့လည်စာ အချိန်မှန်စားနော်။ တစ်ယောက်တည်း ဘယ်မှမသွားနဲ့။ တစ်ခုခုဆို ကိုယ့်ဆီ ချက်ချင်းဖုန်းဆက် အိုခေနော် ။ တာ့တာ"
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.