" နင့် ညီမက နင့်ကို သိပ်စိတ်မဝင်စားသလိုပဲနော်။ သူနဲ့တွေ့လို့ နင့်အကြောင်းမေးရင်တောင် မသိဘူးလေဆိုပြီးပဲ ပြန်ပြောတတ်တယ်။ "
လင်းက ကိုသော့်အား အဖော်လာလုပ်ပေးရင်း ပြောသည်။ ကိုသော်သည် လွန်းပြန်လာလျှင် စားရန် စပျစ်သီး အစေ့ထုတ်နေလျက်က
" ဪ... သော်တာလား။ သူက အဲဒီလိုပဲ နေတတ်လို့ပါ။ "
" ငါကြည့်ရသလောက်တော့ နင်တို့အမြွာတွေက တူလည်းမတူဘူးနော်။ တစ်ယောက်က လူတောတိုးတယ်။ နင်ကျတော့လည်း အေးလိုက်တာ လွန်ပါရော။ အမှန်ဆို နင်က မိန်းကလေးဖြစ်ရမှာ။ "
ကိုသော်က ပြုံးရုံသာ။ ဘာမျှပြန်မပြော။
" နင့်ကို သိက္ခာချတာတော့မဟုတ်ပေမဲ့ နင်က တကယ် မိန်းကလေးဖြစ်သင့်တယ် သိလား? ဒါဆို လွန်းလေးအတွက် perfectပဲ။ ကမ္ဘာမှာ နင့်လိုမိန်းကလေးမျိုး ရှိမှာ မဟုတ်တော့ဘူး။ "
အစကတည်းက သိမ့်နဒီကြောင့် အားငယ်နေသည့်ကိုသော် ပိုလို့စိတ်ကျသွားသည်။ သို့သော် အမူအရာတော့မပြရှာ။
" ကျွန်တော်သာ မိန်းကလေးဖြစ်ရင် လွန်းမောင်နဲ့ယူဖြစ်မယ် မထင်ပါဘူး။ ပြီးတော့ perfectလည်း ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော့်ထက်သာတဲ့ မိန်းကလေးတွေပဲ ရှိမယ်။ "
သည်တော့မှ လင်းတစ်ယောက် သတိရသွားကာ သူပြောလိုက်မိတာ မှားသလို နောင်တရသည်။
" ဆောရီး ကိုသော်။ ငါက နင် ဆံပင်ရှည်နဲ့လိုက်လို့ ပြောလိုက်တာ။ "
ကိုသော်သည်လည်း စကားလွှဲသည့်အနေနှင့်
" တကယ်လား? ကျွန်တော့်ညီက ရုပ်ဆိုးလွန်းတယ်တဲ့လေ။ "
" အမလေး။ မောင်တွေက အဲဒီအတိုင်းပါ။ သူတို့ နှမတွေကိုတောင် အူတိုတတ်တာ နင့်လို လိင်တူလက်ထပ်ထားတဲ့ အစ်ကိုတစ်ယောက်ကိုဆို ပို အူတိုမှာပေါ့။ လွန်းလေးဆိုလည်း ငါ အပြင်ထွက်တာတွေ့တိုင်း အလှမပြင်နဲ့ဆိုတာချည်းပဲ။ နင် လှလို့ချောလို့ သူ သက်သက်ပြောတာ။ "
" ဪ... အဲဒီလိုကိုး"
ကိုသော်က လင်းပြောမှ နားလည်သွားဟန် ခေါင်းညိတ်သည်။ မကြာလိုက်ခင် ကားသံကြားရသည်။
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.