၄၅

284 16 1
                                    

သည်လိုနှင့် ထိုနေ့ ဆရာမဖြစ်သူအား လွန်းကန်တော့ခဲ့ပြီးနောက် ညတွင်းချင်း သူတို့နှစ်ယောက် အိမ်ပြန်လာကြသည်။ အိမ်ရောက်၍ ရေချိုး၊ ညအိပ်အဝတ်အစားလဲပြီး‌သောအခါ ကိုသော် ဆံပင်ဖြည်၍ အိပ်ရာပေါ် လှဲချလိုက်သည်။ နောက်မှ လိုက်လာသော လွန်းက

" ဟွန်။ ကျွန်တော့်အိန်ဂျယ် ဆံပင် အရှည်မြန်လိုက်တာ။ "

အသံကြားတော့ ကိုသော် ထထိုင်သည်။

" ဟင်? လွန်းမောင် မကြည့်တတ်ရင် ကိုသော် ညှပ်မယ်။ "

" ဟင့်အင်း။ လှတယ် သော်ငယ်ရဲ့။ "

"..."

"..."

လွှတ်ခနဲထွက်သွား၍ ကိုသော်ရော ပြောသည့်ကာယကံရှင်ပါ အသံတိတ်လို့ နေရခက်သွားကြသည်။ နောက်မှ ကိုသော်က ဖြည်းဖြည်းချင်း ပြန်လှဲသည်။ ပြောဖူးခဲသည့်စကားမျိုး ပြောလာသည့်လွန်းကြောင့် ကိုသော် ဘာမျှမခံစားရဟုဆိုလျှင် လိမ်ရာကျမည်။ ကျိတ်၍ ကြည်နူးပီတိဖြစ်ရသည်ပင်။

တစ်ဖက်က လွန်းသည်လည်း သူပြောပြီး သူ ရှက်နေသည်။ မည်မျှပင် အနေကြာစေကာမူ ရိုးမသွားနိုင်ခြင်းတွေ။

" အဲဒီအတိုင်းရပ်နေမှာလား?"

ပြောမှသတိပြန်ဝင်လာသော လွန်းက ဟုတ် ဟုဆိုကာ ကိုသော့်ဘေးတက်လှဲသည်။ ကိုသော် စိတ်ထဲက တွေးသည်။ သည်ကနေ့ သူ ဘယ်လိုဖြစ်နေပါလိမ့်။ မသိလျှင် ယနေ့မှ လက်ထပ်ပြီး မင်္ဂလာဦးညကို စိတ်လှုပ်တရှား စတင်ဖြတ်သန်းရသည့် မနူးမနပ် သတို့သားကဲ့သို့ ဖြစ်နေသည်။ ရင်ခုန်သံ အမြဲသစ်နေဆဲဟူသည် ယခုလိုအခြေအနေကို ဆိုလိုခြင်းဖြစ်မည်။

' စိတ်ထိန်း ကိုသော်။ လွန်းမောင်နဲ့ အတူနေလာတာပဲ နှစ်ဝက်ရှိနေပြီ။ စိတ်မလှုပ်ရှားသင့်တော့ဘူး။ '

သူ့ကိုယ်သူ သတိပေးလေ ကိုသော် မနေတတ်လေဖြစ်မိသည်။ ထိုအခါ လွန်းကို ကျောပေးထားလျက်က မျက်လုံးဖွင့်၍ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်သည်။ တစ်ခန်းလုံး မီးထိန်ထိန်လင်းနေသည်ကို မြင်သောအခါ ပူသလိုခံစားရသဖြင့်

" လွန်းမောင် အိပ်တော့မှာမဟုတ်လား?"

ကိုသော် လှည့်မကြည့်ဘဲမေးသည်။ လွန်းသည်လည်း

Agape [ OC ] COMPLETEDWhere stories live. Discover now