၁၄

482 42 2
                                    


" ဟေး... တို့သားသော်ရော? ဘယ်မှာလဲကွ"

ခရီးရောက်မဆိုက် ဖခင်ဖြစ်သူက ဧည့်ခန်းမှ လှမ်းအော်လိုက်လျှင် စားခန်းထဲတွင် စိတ်ကိုပြင်ဆင်နေသော ကိုသော်တစ်ယောက် လက်အုပ်ချီပြီး

" မကြယ်စင်ရဲ့ စေ့စပ်ပွဲ အဆင်ပြေပြေပြီးအောင်၊ ဖေဖေရော မေမေပါ စိတ်ချမ်းသာအောင် စောင်မပေးတော်မူပါ ဘုရား"

သူ ဆုတောင်းပြီးပြီးချင်း

" ကိုသော်?"

လေပြည်က သူ့အနားလာပြီး လက်ဆွဲခေါ်၏။

" အဆင်ပြေသွားမှာ။ လာပါ"

ကိုသော် ချက်ချင်းခေါင်းညိတ်၍ အခန်းပြင်သို့ လေပြည်နှင့်အတူ ထွက်လာခဲ့သည်။ ဘယ်လိုပင် စိုးရိမ်နေပါစေ အိမ်ရှေ့ခန်း၌ ဆီးကြိုရင်ဖွင့်ပေးထားသည့်အရပ်မြင့်မြင့် Finnish-မြန်မာ ကပြား ဖေဖေ့ဆီ ပြေးသွားခိုဝင်လိုက်တော့သည်။ တစ်ဖန်...

"မေမေ"

သူ့အမေကိုတစ်လှည့် ပွေ့ဖက်လိုက်ပြန်သည်။ ရင်ခွင်ကြားကနေ ခေါင်းလေးသာပြူနေသည့် မေမေက ကိုသော့်ကိုမော့ငေးရင်း

" တို့သားသော်ကြီး အရပ်ရှည်လာလိုက်တာ။ ငယ်ငယ်ကလို ညီမလေးဆီက အရုပ်တွေလုသေးလား"

ဟု စလျှင်

" အာ.... မေမေကလည်းဗျာ"

ကိုသော် ရှက်အမ်းအမ်းဆိုတော့ ဖေဖေရာ မေမေပါ အပြိုင်အဆိုင်ရယ်ကြသည်။

" လုတော့မလုတော့ဘူး။ အခုဆို သူကတောင် သမီးကို လိုလိုလားလားပေးနေပြီ။ ဟုတ်တယ်မလား ကိုသော်"

နောက်နားရပ်နေသည့် သော်တာ့အသံက ရယ်မောရိပ်စွတ်လျက် စူးခနဲထွက်လာသည်။ မကြယ်စင်ထက်ပင် အရပ်မြင့်သော သော်တာသည် ကိုသော်နှင့် ချွတ်စွပ်ပင်။ သူ မေမေ့ဆီမှ ပြန်ခွာလိုက်ပြီး သော်တာ့အားတိုးလျိုးသလို လှည့်ကြည့်မိသည်။ ဒါကိုမြင်တော့ သော်တာလည်း သူ့ကို မသိမသာ မျက်စောင်းခဲလျက် ဘာမျှဆက်မပြော။ မကြယ်စင်၊ ကိုယံနှင့် သူရိန်တို့က ဆိုဖာပေါ်ထိုင်နေကြသည်။ ကိုသော့်နားကပ်ရပ်နေသည့် လေပြည်ကစ၍

" လေပြည် ပစ္စည်းတွေ သွားသိမ်းလိုက်မယ်။ ပြီးရင် ထမင်းစားကြမယ်နော်"

Agape [ OC ] COMPLETEDWhere stories live. Discover now