၂၀

460 34 0
                                    

" လွန်းမောင်"

"ဗျာ သော်ငယ်။"

ခပ်လှမ်းလှမ်းတွင် သူတို့လိုထိုင်နေသည့် စုံတွဲတစ်တွဲရှိ၏။

" လူနှစ်ယောက်က လူတစ်ယောက်တည်းကို ချစ်လို့ရလို့လား? အဲဒီလိုဆိုရင် ကျန်ခဲ့တဲ့သူက နာကျင်ရမယ် မဟုတ်လား?"

"သော်ငယ်က ငြိမ်း နာကျင်မှာ စိုးနေတာလား?"

"အဲဒီလိုဆိုရမှာပေါ့။ သူသာ ကိုသော့်ကို တကယ်ချစ်တာဆိုရင်"

ထိုအခါ လွန်းမောင်က ခပ်သဲ့သဲ့ရယ်မောသည်။ ပြီးနောက်...

"အကောင်းဘက်က တွေးကြည့်ရင်ရော သော်ငယ်"

"အမ်? ဘယ်လိုမျိုးလဲ?"

"ကျွန်တော့်အိန်ဂျယ်က အချစ်ခံလေးပါပေါ့။ ဟီ..."

ဤသို့ပြောသော လွန်းမောင်၏ လက်မောင်းကို ဖြတ်ရိုက်လိုက်၏။

" ရာဇဝင်ဆိုးပါတယ်ကွာ။ ကောင်မလေးကို ကောင်လေးနှစ်ယောက် ပြိုင်လိုက်တာကမှ ကြားလို့ကောင်းသေးတယ်။ "

"စိတ်မကောင်းစရာကတော့..."

ကိုသော်က မျက်ခုံးပင့်သည်။ လွန်းကတော့ မျက်ဝန်းတို့မှေးကျဉ်းသွား၏။ ဆက်ဆိုသည်မှာ..

"သော်ငယ့်ရင်ထဲမှာ ငြိမ်းရော ကျွန်တော်ရော မရှိတာ။"

ကိုသော် မခံချင်ဖြစ်ရ၏။ ဒါမှမဟုတ် သူမခံချင်အောင် သက်သက်လုပ်နေသလား မသိပါ။

"ဟေး! ငါ့ရင်ထဲမှာ မင်းမရှိဘူးလို့ပြောလိုက်တာလား?"

"ဒါပေမယ့်... ကျွန်တော့်ကို နှလုံးသားထဲ အတင်းဆွဲသွင်းဖို့ ကြိုးစားစရာမလိုပါဘူး သော်ငယ်။ အဲဒီလောက် အပင်ပန်းခံစရာကို မလိုတာ။ သော်ငယ်ကျွန်တော့်ကို မုန်းတာပဲဖြစ်ဖြစ် နှစ်သက်တာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သော်ငယ့်ကို ကိုးကွယ်ပြီးသားပါ။"

"မဟုတ်ဘူး!"

လေသံမာသွားသဖြင့် ထိုအတွဲက သူတို့ဆီ ရုတ်တရက် လှည့်ကြည့်သည်။

"အဲဒီလိုမဟုတ်ပါဘူး ။ "

ကျောင်းတက်နေစဉ်အတွင်း နှစ်ဦးသားလွတ်လပ်စွာ တွေ့နိုင်မည့်နေရာသည် ဤကန်ဘောင်တွင်သာဖြစ်၏။

Agape [ OC ] COMPLETEDWhere stories live. Discover now