၂၄

306 23 0
                                    

" ဟေ့ကောင်တွေ လာကြ လာကြ။ make yourselves at homeကွာ"

သွန်းက ခြံထဲဝင်လာသူမှန်သမျှကို ဖက်လဲတကင်း နှုတ်ဆက်နေသည်။ ဝင်းပြည့်မောင်က အိမ်အပေါ်ထပ်မှကြည့်၍

" ဒါကြောင့်လည်း Kingဖြစ်နေတာကိုး။ သူ့မှာသူငယ်ချင်းတော်တော်များသားနော်။ ငါတို့သွားတိုင်း သူတစ်ယောက်တည်း အခန်းထောင့်မှာထိုင်နေတာချည်း တွေ့ခဲ့ရတာ။ ခုတော့ ကြည့်လိုက်ပါဦး။ လက်စသတ်တော့ ကိုသွန်းကြီးက မခုတ်တတ်တဲ့ကြောင်လို ဟန်ဆောင်ကောင်းတာပဲ။ "

ဘေးနားရှိဟန်လင်းသန့်ဟာတော့ ဆံပင်ပြင်ရင်း

" ကိုယ်တို့လည်း ဆင်းကြမယ် baby။ "

သို့နှင့် နှစ်ယောက်သားအောက်သို့ဆင်းလာကြရာ

" နေဦး stop ဟန်။ "

" အမ်? ဘာဖြစ်တာလဲ?"

ဟန်လင်းသန့်ရှေ့ကနေ လက်ကာတားပြီး ခြံရှေ့ကိုမေးငေါ့ပြလျှင် တွေ့လိုက်ရသည်က။ သွန်းသည်လည်း ကားထဲမှဆင်းလာသူကို မြင်ပြီး ငူငူကြီးရပ်လျက်ရှိသည်။

" ဟိုက်! အဲဒါ ကိုသော်တို့အခန်းထဲက မင်းကိုကိုဆိုတာမလား? ကိုသွန်းက သူနဲ့လည်းသိတာလား။ ထင်မထားဘူး။ ကိုသော်တော့ သေပြီပဲ။ အီး~~~~"

ကိုသော့်အစားဝင်နာနေသော ဟန်လင်းသန့်ကို ဝင်းပြည့်မောင် စိတ်ပျက်လက်ပျက်ကြည့်လိုက်သေးသည်။ ပြီး

" မင်းသွားနှင့် ဟန်။ ငါ တက်ပြီး ကိုသော့်ကို ပြောလိုက်ဦးမယ်။ "

________________________________________________

" မင်း လိုက်မှာလား ညီညီ။ အိမ်မှာ ဘယ်သူမှမရှိလို့သာခေါ်လာရတာ"

" အရင်လည်း ကျွန်တော်တစ်ယောက်တည်း နေခဲ့တာပဲ။ ဒီနေ့ကျမှ ကိုကိုက ဘာလို့ ခေါ်လာတာလဲ?"

" ဦးကြီးက ပြန်သွားတယ်လေ။ ပြီးတော့ ဒီနေ့ ဖေဖေတို့ဖုန်းခေါ်မှာ။ ငါမရှိမှန်းသိရင် မင်းကို တစ်ယောက်တည်းထားသွားရမလားဆိုပြီး ပွားဦးမယ်။ "

" ဪ...အဲဒါကြောင့်ဆို အဲဒါကြောင့်လို့ အိမ်မှာကတည်းကပြောပါလား။ ဒါဆို ဖေဖေတို့ကို ကျွန်တော်လိမ်ပြောပေးလို့ရတာပဲဟာ"

Agape [ OC ] COMPLETEDDonde viven las historias. Descúbrelo ahora