" ဘယ်သွားဦးမလို့လဲ ကိုသော်။ ဒီလောက်ညနက်နေတာ။ "
အောက်ထပ် စားခန်းထဲမှထွက်လာသော သော်တာက အိမ်တံခါးဖွင့်နေသည့်ကိုသော့်ကိုမြင်ပြီးမေးသည်။
" လမ်းလျှောက်ချင်လို့ သော်တာ။ "
ဟုပြောတော့ သူ့အား ညီမဖြစ်သူက မသင်္ကာသလိုကြည့်လျက်
" လမ်းလျှောက်တာက အပေါ်ထပ်မှာ အကျယ်ကြီးလျှောက်ပါလေ့။ လေကောင်းလေသန့်လည်းရတယ်။ "
ထိုစကားကို ကိုသော်မတုံ့ပြန်မိ။ သူကိုယ်က ထူးဆန်းနေခြင်းဖြစ်၍။
" ဪ.... အမောင့်ဆီသွားမလို့လား? မဟုတ်ရင် သွန်းဒီမောင်ဆီလား? သော်တာ့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်။ ကိုသော့်အကြောင်းလည်းသိနေတာပဲ။ ဖုံးကွယ်မထားနဲ့ ။ အိုခေလား?"
သော်တာပြောသည်များ တစ်ခုမှ ဟုတ်မနေပါ။ သို့သော် သူ့ဘက်က ပြန်ခံငြင်းရန် အင်အားမရှိ၍ ခေါင်းညိတ်ပြပြီး အိမ်ပြင်ထွက်လာခဲ့သည်။
________________________________________________
ကိုသော်ထွက်သွားပြီး နာရီအနည်းငယ်အကြာတွင် ....
" ဟိုဟာ.... ကိုသော် လမ်းလျှေက်ထွက်သွားတာ ခုထိအိမ်ပြန်မရောက်သေးဘူး အန်ကယ်လ်။ "
ကိုသော်တို့ အိမ်ခြံရှေ့ မျက်နှာချင်းဆိုင်ရှိ ပလက်ဖောင်းပေါ်၌ လူလေးယောက်နှင့် ကိုယံ စကားပြောနေရသည်။ အိမ်ထဲဝင်ပါဟူသည်ကို လွန်းဒီမောင်က ကိုသော်အဆင်မပြေဖြစ်မည်စိုး၍ သူ၏ မိဘများကို အိမ်ထဲမဝင်စေ။ အပြင်မှာသာ တိုးတိုးတိတ်တိတ် ဆွေးနွေးဖြစ်ကြသည်။ သေချာသည်ကတော့ သွန်းဒီမောင်၏ အိမ်၌ လွန်းဒီမောင်နှင့် ကိုသော်တစ်ခုခုဖြစ်ခဲ့မှန်း ကိုယံ မှန်းဆမိသည်။ ယခုနေ မေးဖို့မသင့်တော်သောကြောင့် သူမမေး။ နောက် လွန်းဒီမောင်၏ အဖေနှင့် အမေက လွန်းဒီမောင်နှင့် ဆန့်ကျင်စွာ သဘောမနောကောင်းကြသည်ကိုမြင်ရတော့ သူတို့တောင်းဆိုမှုအား ကိုယံ ငြင်းဖို့အခက်တွေ့နေရသည်။ ထိုတောင်းဆိုမှုသည်ကား ကိုသော့်အား တရားမဝင်လာစေ့စပ်ခြင်းဖြစ်ပါသတဲ့။ ဖေဖေနှင့် မေမေတို့ကိုမပြောရသေးကြောင်း၊ အိမ်ရှိမောင်နှမတို့ဟာလည်း ကိုသော့်ဖြစ်တည်မှုကိုမသိရှိသေးကြောင်း ကိုယံရှင်းပြပါသော်လည်း လွန်းဒီမောင်ဟာ ထိုအကြောင်းတွေကိုရှင်းပြပြီးသားဟု အန်ကယ်လ်က ဆို၏။ လွန်းဒီမောင်၏ အစ်မဆိုသူ လင်း၏ လက်ထဲတွင်လည်း စာရွက်စာတမ်းတို့ကို ကိုင်ထားသေးသည်။ ကိုသော်ထွက်သွားသည်မှာကြာပြီ။ လွန်းဒီမောင်ကိုယ်တိုင်ကမူ လူသူကားယာဉ်ရှင်းသော လမ်းမပေါ်ရပ်လျက် ကိုသော့်အား လည်တမော့မော့နှင့် စောင့်မျှော်နေရှာသည်။ ဖုန်းယူမသွားသော ကိုသော့်အား မည်သို့မျှမဆက်သွယ်တတ်။ သူတို့ဘက်မှ ကိုယံ့အား အသိသက်သေလုပ်ပေးရန်လည်း ပြောသည်။
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.