774 76 0
                                    

#Unicode
" သမီးက အဆောင်မှာ အဆင်ပြေလို့လား။ ဒီမှာ မင်းမောင်နဲ့ လာနေပါလားကွ"

" ဘယ်သူလဲ ဖေဖေ"

ပေါင်မုန့်မီးကင်စားရင်း ဖုန်းပြောနေသော ဖခင်ဖြစ်သူ၏ပုံစံက တက်တက်ကြွကြွရှိတာကြောင့် လွန်းလည်း ထမင်းဝိုင်းတွင် ဝင်ထိုင်ပြီး မေးစမ်းလိုက်သည်။ ဖေဖေက သူ့ကိုကြည့်ပြီး

" မောင်လေးနဲ့ စကားပြောလိုက်ဦး။ ရော့"

ဆိုကာ ဖုန်းကို လွှဲပေးလာသဖြင့် ယူနားထောင်မိတော့

" ဟိတ်! နေကောင်းလား မျောက်ကလေး"

" အာ... မလင်းလား? ဘယ်သူများလဲလို့။ နေကောင်းပါ့။ မလင်းရော အဆောင်မှာ အဆင်ပြေလို့လား။ မနေတတ်ရင် ဒီလာနေလေ"

လွန်း၏ အစ်မဝမ်းကွဲ ၊ ဖခင်ဖြစ်သူ၏ တူမ လင်းရိပ်ကို သူ ခင်တွယ်သည်။ ဆေးကျောင်းတက်နေမှန်းသိတော့

" စာရောလိုက်နိုင်ရဲ့လား?"

" မင်းလိုမဟုတ်ဘူးနော်။ ဘာလို့များ ကျောင်းထွက်ပြီး dayတက်ရတာလဲ ငါ့မောင်။ မင်းကို လုံးဝနားမလည်ဘူး။ မလင်းနဲ့တော့ အတူလာမတက်ဘဲနဲ့။ အဖော်ရအောင်"

ထိုအခါ

" မလင်းကလည်းဗျာ.... "

ဟုညည်းဆို၍ သူ့အဖေဘက်တစ်ချက်လှည့်ကြည့်ပြီးမှ

"ဖေဖေနဲ့အတူတူပဲ။ ကျောင်းထွက်တာကိုချည်း လာ ခလုတ်တိုက်နေတယ်။ အဲဒါ ထားလိုက်။ နောက်အပါတ်ပိတ်ရက် မလင်း အိမ်ပြန်လာခဲ့။ သားလည်း ပြန်လာမှာ။ ဆက်ဆက်နော်။ "

" အေးပါ။ အေးပါ။ မရမ်းသီး ခူးကျွေးဦးမလား ဟဟ"

"ကျွေးမှာ ကျွေးမှာ။ မလင်းသာ လာဖြစ်အောင်လာနော့"

ထိုသို့နှင့် နှုတ်ဆက်စကားပြောဆိုကြပြီးနောက် လွန်း ဖေဖေ့ကို ဖုန်းပြန်ပေးလိုက်သည်။

" သားလွန်း။ မင်းအစ်မ ဘာပြောလဲ။ လာမယ်တဲ့လား"

လက်လက်ထနေသည့် မေမေ့မျက်ဝန်းတွေကို မြင်မြင်ချင်း ခေါင်းညိတ်၍

" မေမေ အပျင်းပြေတာပေါ့"

ဟူ၍လည်း အကျိုးအကြောင်းပြလိုက်သေးသော လွန်းပင်ဖြစ်သည်။ ထို့နောက် ခဏအကြာထိ နံနက်စာ စားသောက်ပြီးသော အခါ၌မူ...

Agape [ OC ] COMPLETEDWhere stories live. Discover now