1.2K 99 4
                                    

#Unicode
T shirt အဖြူနှင့် ဂျင်ပန်အပြာက အညာသား မြို့တက်သည့် စတိုင်လို။ နေ့လည်ခင်းနေပူပူအောက်တွင် ဖောင်းကားနေသော ကျောပိုးအိတ်ကိုလည်း လွယ်ထားသေးသည့် လွန်း။ မှတ်တိုင်တစ်ခုတွင်ရပ်၍ ဖုန်းပေါ်က GPS ဖွင့်ပြီး လမ်းရှာနေရင်းက ဘတ်စ်ကား တစ်စီးပြီး တစ်စီးလွတ်သွားတော့သည်။
အခုချိန်မှ ဘွားမေပြောခဲ့သည့်စကားကို သူ ပြန်သတိရလာသည်။ သို့သော် လွန်းဒီမောင်တို့ဆိုသည်မှာ အညံ့ခံရိုးထုံးစံမရှိ။ ဘတ်စ်ကားမရလျှင် လမ်းလျှောက်ပြီးပြန်မည်။ တက္ကစီ မစီးခြင်းက ကပ်စေးနှဲလို့တော့မဟုတ်။ ဗိုက်အဖြည့်လွန်သွားခြင်း။ အကြိမ်ပေါင်းများစွာ ခေါ်ထားသည့် ဖခင်၏ အဝင်ဖုန်းကောလ်တွေကို မြင်ရက်နှင့်မကိုင်။ ထိုမျှလောက် ဇွဲကောင်းနေသည်။

" ဟိုလေဗျ... မှော်ဘီဆို ဘယ်ကားစီးရလဲ?"

မနေနိုင်တော့ မှတ်တိုင်ဘေးက ချဉ်ပေါင်းရောင်းနေသည့် အန်တီကြီးဆီ သွားမေးရတော့သည်။ ထိုအန်တီကြီးက ကားလမ်းမဆီ လည်တမော့မော့မျှော်ကြည့်ပြီး အဖြေရသွားသည့်နှယ်....

" ဟော....ဟိုမှာ ဟိုမှာ ၉၀တွေ့လား? အဲဒီကားလည်း ရောက်တယ်"

သူ ပျော်သွားသည်။ ရှိသည့် ပိုက်ဆံ ၇၀၀လေးကို ခြစ်ကုတ်ထုတ်ပေး၍

" ပြန်မအမ်းနဲ့တော့ဗျ"

ဆိုကာ ဇလုံထဲက သရက်သီးစိတ်လေးတစ်စိတ် ကောက်စားလာခဲ့ပြီး မှတ်တိုင်ဆီ ကားရပ်သည်နှင့် တွန်းရင်းတိုက်ရင်း ပြေးတက်သွားတော့သည်။ ဆောင်းဥတု၏ နေ့ခင်းကတော့ ပြင်းပြင်းပြပြ ပူလောင်နေပါသည်။

_______________________________________________

" ဟီး ဟီး... ငါ မင်းနဲ့ အတူနေရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးဘူး ဟန်ရ"

ပထမနှစ်ကျောင်းသားများ အဆောင်စဝင်သည့်အချိန်သည် တက္ကသိုလ်နှစ်စ၏ အလန်းဆန်းအတက်ကြွဆုံး။

" ဟား..... ဟုတ်တယ်နော်။ ကိုယ်တစ်နှစ်အောက်လိုက်တာ သိပ်ကံကောင်းသွားတယ်။ နို့မို့ Babyနဲ့အတူ နေရမှာမဟုတ်ဘူး"

နှစ်ယောက်ခန်းလေးတွင် စကားကောင်းနေကြသော သူတို့နှစ်ယောက်ထံ တံခါးဝမှလာပြူကြည့်ပြီး...

Agape [ OC ] COMPLETEDTempat cerita menjadi hidup. Temukan sekarang