" ကျေးဇူးတင်ပါတယ်လို့ မြန်မြန်ပြောလိုက်လေ။ "ဘွားမေရှေ့တွင် ကိုသော် မချိပြုံးနှင့် လွန်းအနားကပ်၍ ထိုသို့ခပ်တိုးတိုးဆိုကာ လွန်း၏ နောက်စေ့ကိုကိုင်ပြီး ငုံ့ချသည်။ ဘွားမေကို ဦးညွှတ်လိုက်ဆိုသည့်သဘော။
အစက တိတ်တိတ်လေးပြန်လွှတ်ရန် စဉ်းစားသော်လည်း ဘွားမေအား သူ ဘာမျှ ဖုံးကွယ်မထားချင်၍ လွန်းမောင်ကိုခေါ်ပြီး တွေ့ပေးလိုက်ခြင်းဖြစ်သည်။ လွန်းဟာ သူ၏မိတ်ဆွေဖြစ်ကြောင်း၊ မနေ့ညက သူ့ကိုပြန်လိုက်ပို့ရင်း ဒီမှာပင် ညအိပ်လိုက်ကြောင်း ရှင်းပြလျှင် ဘွားမေကလည်း ခေါင်းတညိတ်ညိတ်နှင့် အဆင်ပြေကြောင်းပြောသည်။
မြေးအဘွားအရင်းတွေဖြစ်ကြသော လွန်းမှာမူ ငယ်ငယ်ကတည်းက သူဆိုးနေကျ အဘွားကို သည်လို ယဉ်ကျေးပြရတော့ အိုးတို့အမ်းတမ်းဖြစ်နေ၏။
" ကျေး... ကျေးဇူး.... "
အသံက သိပ်မထွက်ချင်။ ဤသည်ကို
" ဘာကျေးဇူးလဲ... သေချာပြောလေ ကျေးဇူးတင်ပါတယ်လို့။ ကိုသော့်ကို မျက်နှာပျက်အောင်လုပ်နေတာလား~?"
သူ့အား အံကြိတ်ပြောလာသော အိန်ဂျယ်။ ဘွားမေကို မျက်လုံးလှန်ကြည့်မိတော့ ဂုဏ်ယူစွာနှင့် မျက်နှာကြီး ချီထား၏။
" ကျေးဇူးတင်ပါတယ်။ "
" ခစ်ခစ်... ရပါတယ်ကွယ်။ "
" ဟို... ဘွားမေ စိတ်မကွက်ပါနဲ့နော်။ သူက စကားပြောမတတ်ပေမယ့် စိတ်ရင်းကောင်းပါတယ်။ "
အားနာဟန် ခေါင်းကုတ်၍ ကိုသော်ဆိုသောအခါ
" သိတာပေါ့ မြေးငယ်။ မြေးငယ် ဘွားကို အားမနာပါနဲ့။ မြေးငယ်ရဲ့ ဒီကလေးကိုမြင်တော့ ဘွားမေရဲ့ မြေးကိုတောင် သတိရသွားတယ်။ ဘွားရဲ့ မျောက်ဥနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူးကွဲ့။ "
" အာ... ဟုတ်။ မျောက်ဥက တကယ်ဆိုးလားမသိပေမယ့် ဒီကလေးကတော့ လုံးဝမဆိုးပါဘူး ဘွားမေ။ မဆိုးတဲ့အပြင် လိမ်လည်းလိမ္မာပါတယ်။ ပြီးတော့ ကျွန်တော့်သူငယ်ချင်းက ကလေကချေလည်းမဟုတ်ပါဘူး။ ဘွားမေ သူ့ကို ယုံလို့ရပါတယ်နော်။ "
ESTÁS LEYENDO
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.