၃၆

235 15 0
                                    


" ကျောင်းပြီးရင် ဘာလုပ်မှာလဲ သွန်း "

ခုံစောင်းပေါ် မေးထောက်ရင်း ကိုသော် သွန်းကိုမေးသည်။

" ငါလား... "

ဟု သွန်းသည် ခဏစဉ်းစားပြီးမှ

" ငါ ရိုးရိုးသားသားပဲ အသက်ရှင်ချင်တော့တယ်။ ကျောင်းပြီးရင်တော့... အမှတ်များလို့ မဟာဆက်တက်လို့ရရင်တက်မယ်။ ကျူတာဖြစ်ဖြစ်လုပ်ပြီး အေးဆေးနေသွားချင်တယ်။ ပြီးတော့...."

ပြောမည့်အရေး ကိုသော့်ကို သူကြည့်သည်။ အပြုံးယဲ့ယဲ့ကို မြင်လည်း မြင်လျှင်

" အကယ်၍များ မင်းနဲ့ လက်ထပ်ဖြစ်ရင်ဆိုတဲ့ အကြောင်းကလည်းရှိသေးတယ်ဆိုတော့... ငါ အရှုပ်အရှင်းကင်းကင်းပဲနေမယ်။ "

" ဟိုး ဟိုး.... ငါ မင်းကို လက်မထပ်ဘူး။ အဲဒီအကြောင်းတော့ ထည့်မတွေးနဲ့။ "

ကိုသော် အသံပြုလာသဖြင့် သွန်းတစ်ယောက် သက်ပြင်းချကာ

" ငါ သိပါတယ်။ မင်း ငါ့ကို လေပြည်နဲ့ စီစဉ်နေမှန်း။ "

ဟုပြောသည့်အခါ ကိုသော် ရယ်ကျဲကျဲနှင့် ခေါင်းကုတ်သည်။

" မင်းရဲ့  အနာဂတ်အစီအစဉ်ကောင်းတွေကို သိရတော့ ... ထည့်မယ့်ထည့် ကိုယ့်အိတ်ထဲပဲ ထည့်ရမှာ‌ပေါ့ ။ ဒီခေတ်မှာ တက္ကသိုလ်ဆရာလုပ်မယ့်သူမျိုးက ခပ်ရှားရှားပဲ။ ဘာပဲဖြစ်ဖြစ် မင်းက လူကောင်းလေ။ "

ပြောပြီး သူ့စိတ်ထဲ အစီအစဉ်တွေ ချနေတော့သည်။

_____________________________________________________

" ကိုသော် ခင်ဗျား မသွားနဲ့!"

" မဟုတ်ဘူး! မလုပ်နဲ့! "

ရှေ့က မြင်ကွင်းဟာ အိပ်မက်လား အမှန်လား လွန်း မသဲကွဲ။ သူ ရင်တွေနာလှသည်။ ကိုယ်ချစ်သည့်သူကို ဘာမျှလုပ်မပေးနိုင်ဘဲ ရပ်ကြည့်နေရသည့်အဖြစ်ဟာ မည်သည့်အရာနှင့်မျှဖော်မပြတတ်အောင် အူသည်း‌ခြေကြွေပြတ်မျှ ဗလောင်ဆန်ပူဆွေးဖွယ်ကောင်းလွန်းပါသည်။

" တောင်းပန်ပါတယ် ငြိမ်း။ ကိုသော့်ကို လွှတ်ပေးပါ။ သွားစရာရှိတယ်။ ကိုသော် သွားရမှာရှိလို့ပါ.... "

Agape [ OC ] COMPLETEDOù les histoires vivent. Découvrez maintenant