" Gypsophila မျိုးဝင် ကြယ်ပန်းအဖြူလေးတွေကို တစ်ပါးတည်းသော နတ်ဘုရားအတွက်ရည်ရွယ်ကာ သူ တယုတယစိုက်ပျိုးထားသည်။
သို့သော် မသိလိုက်မသိဘာသာ နေ့တိုင်းနေ့တိုင်း ကိုင်းထက်မှ ပန်းအခတ် တစ်ခတ်ချင်းစီ အဖြတ်ခံရသည်။
နေ့စဉ်ရက်ဆက်ဖြစ်လာလျှင် သူ အိမ်မပြန်ဖြစ်တော့ဘဲ ဥယျာဉ်ထဲမှာသာနေကာ နေ့ ည ရှိသ၍ တရားခံဖမ်းရန် မအိပ်မနေစောင့်ကြည့်သည်။
တစ်နေ့တွင်.... ခြေသံသဲ့သဲ့က ဆင့်ကာထားသော ပန်းအိုးများအကွယ် ပုန်းနေသည့်သူ့နားသို့ တဖြည်းဖြည်း နီးကပ်လာသည်။
မြေပန်းအိုးနှစ်လုံးကြား မျက်စိတစ်လုံးစာ အပေါက်ထဲမှ ချောင်းကြည့်သောအခါ ပန်းချိုးပိုင်ရှင်သည်....
သူပန်းပျိုးရသည့် ရည်ရွယ်ချက်ကလေးဖြစ်နေ၏။ "
~~~~~~~~~~Merry Christmas~~~~~~~~~~ (လွန်းရဲ့ မွေးနေ့လည်း မြည်ပါတယ်။ )
အခု အောက်မှာ အပိုင်း -၁၆ ဖတ်လို့ရပါပြီ။ 🙇
**************အပိုင်း-၁၆****************
" အန်တီ၊ အန်ကယ်လ်။ ကျွန်တော် ပြန်တော့မယ်နော်။ "
"အေး။ အေး။ သားကို အိမ်ကမျောက်လောင်းလိုက်ပို့လိမ့်မယ်။ လမ်းမှာ ဂရုစိုက်နော် သားသော်"
အိမ်ရှေ့တွင် လွန်း၏ အမေက မှာလျှင် ကိုသော် ခေါင်းညိတ်ပြလိုက်သည်။ ဦးဒီမောင်ကမူ
"နောက်လည်း လာလည် သား။ ဦးတို့အိမ်က သားအတွက်ဆို ဖရီး ဖရီး ဟား ဟား"
ထိုစကားပြောပုံကိုကြည့်၍ ကိုသော် စဉ်းစားသည်မှာ လွန်းမောင်ဟာ အဖေဘက်လိုက်သည်ဟူ၍။ သားအဖနှစ်ယောက်လုံးက သွက်လက်သည်။ဟာသဉာဏ်ရွှင်သည်။ နှုတ်ပေါ့သည်။ တစ်ဆက်တည်းတွင် သူ အဆုံးစွန်ထိ တွေးပစ်လိုက်သောစိတ်ကူးကမူ
'တကယ်လို့များ လွန်းမောင် သာ ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်မယ်ဆို မိဘတွေ သဘောတူလောက်မလား'
ဟူ၍.....။ ထိုသ်ို့တွေးပြီးမှ ကိုသော် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။ ငါ ဘာတွေ တွေးမှန်းမသိဟု ခေါင်းကိုခါယမ်းလိုက်လျှင် ဦးဒီမောင်မြင်၍
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.