သူရိန်တို့ဖြေပြီးသည်နှင့် လွန်းတို့ဖြေ၍ ကိုသော် ဗျာများရပြန်သည်။ လွန်းအား သွားကြိုချင်သည့် ကိုသော့်အား သူရိန်ပဲ လိုက်ပို့ပေးသည်။
" ဒီကနေစောင့်မှာလား?"
" ဟုတ်တယ် သူရိန်။ ကိုယ့်ကို ကားမှန်လေး ချပေးပါဦး။ "
နေကာမျက်မှန်ကြီးက နှာခေါင်းပေါ်ကျပြီး သူရိန့်အား အလုပ်ခိုင်းနေလေသည်။
ဆံပင်က ရှည်ခါစ ပုခုံးပေါ် ခပ်ဖွားဖွားကျနေပြီး အာယားယားဦးထုပ်ကလည်း ဆောင်းထားသေးသည်။ တကယ့်အာယားယား။ သူရိန် အစ်ကိုဖြစ်သူကို ဘယ်လိုမှမကြည့်တတ်။
" ခင်ဗျားရဲ့ ဒီပုံစံကြီးကလေ ကိုသော်။ ကိုလွန်းဒီမောင်ကြီး ခင်ဗျားကို သည်းခံနိုင်ရဲ့လား? "
ဟုတ်သည်။ ရှည်ခါစ ဆံပင်ကို စည်းထားလျှင်လည်း အကုန်မပါသဖြင့် ချထားသည်။ ထိုအခါ လူက ညှင်းသိုးသိုးပုံပေါက်နေသလား မပြောတတ်။ သူ့ကိုယ်သူလည်း ကိုသော် မကြည့်မိ။
" သည်းမခံနိုင်လည်း ကျိတ်ခံရမှာပဲလေ ဟားဟား။ "
သူရိန် နှာခေါင်းရှုံ့သည်။ သူ့အစ်ကို ရူးများ ရူးသွားလေသလား?
" ညှပ်လိုက်စမ်းပါဗျာ။ တဖြည်းဖြည်း မသော်တာနဲ့ တူလာပြီ။ "
" အမြွာတွေပဲ တူမှာပေါ့။ "
ပြောမရ၍ သူရိန် မပြောဘဲ မှန်ချပေးလိုက်သည်။ ထိုအခါ ကိုသော် ကားမှန်ပြတင်းကနေ ခေါင်းပြူလို့ သူ့အမျိုးသားအား လှမ်း လှမ်းကြည့်သည်။ သို့သော် အရင်ထွက်လာသည်မှာ လွန်းမဟုတ်၊ ကိုယံနှင့် မယ်လေးဖြစ်သည်။ ကိုသော် လှမ်းခေါ်၏။
" ကိုယံ! မယ်လေး!"
" တိုးတိုးခေါ်ဗျာ!"
ရှေ့မှ သူရိန်က ဟန့်သည်။
" တိုးတိုးခေါ်တော့ ကြားမလားကွ။ "
" ဟာ~"
ကိုသော်၏ ချိုးထားသော အစွယ်တွေ ပေါ်လာသည်။ ဆိုးလို့ရသည်နှင့် ဆိုးတတ်သည့်အကျင့်ရှိမှန်း သူရိန်အခုမှ သိသည်။
ကြားသော ကိုယံတို့စုံတွဲက လျှောက်လာရာ အနားရောက်လျှင် မယ်လေး ဘာမျှမဆို။ ကိုသော့်အား စိတ်ကောက်နေဟန်။ အမှန်တော့ ကိုသော် နှစ်အောက်လိုက်ကတည်းက ပထမနှစ်ဝက်လေးလလုံး အခုမှတစ်ခါ ကိုသော်နှင့် မယ်လေး ပြန်တွေ့ရခြင်းဖြစ်သည်။ မယ်လေးနှင့်တင်မက သွန်းတို့ ငြိမ်းတို့ ဟန်လင်းသန့်တို့နှင့်လည်း မတွေ့ဖြစ်သေးပေ။ လွန်းနှင့်တောင် ကျောင်းပိတ်ရက်အပြင် ကျောင်းသွား ကျောင်းပြန်လေးသာ စကားပြောဖြစ်ကြသည်။ ကျန်သည့်အချိန်တွေမှာ ကိုသော် သူရိန်နှင့်ပဲ လျှောက်သွားနေသည်က များသည်။ သူရိန်ဆယ်တန်းပြီးတော့လည်း ကိုသော် သွားချင်သည့်နေရာလိုက်ပို့ရသည်။ အိမ်တွင် သူ့အစ်ကို မနေချင်မှန်းသိသည့် သူရိန်မှာလည်း ဆရာကြီးလုပ်သည့်အပြင် ဆိုးလွန်းသော ကိုသော့်နောက် လျှောက်လိုက်ရသည်။ တခြားတော့မဆိုး။ မလုပ်နှင့်ပြောလျှင် အတိုက်အခံပြောပြီး လုပ်တတ်သည့်အကျင့်ရယ်၊ သူ့ဆံပင်သူ ဆိုင်သွားပြီး သ သည့်အကျင့်ရယ်၊ အပူအစပ် ပြောမရအောင် စားသော အကျင့်ရယ်ကို သူရိန် မနည်းခံရသည်။ စိတ်မကောင်းဖြစ်အောင်၊ မခံချင်အောင်ပြောလည်း မရပါ။ သူရိန် စိတ်ထဲက မပါမှန်းသိတော့ ကိုသော် ခံပြောတတ်သည်။ ဥပမာ-
" အဲဒါကြောင့် ခြောက်နေတာ"
ဆိုလျှင်
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.