၃၄

192 17 0
                                    


" လွန်း ဒီမှာ"

ပွဲပြီးတော့ ကိုသော် ရေဗူးကမ်းပေးလိုက်သည်။ နှစ်ဖက်အသင်းလုံး သရေကျခဲ့၏။

" ဘာလို့ လွန်းကိုပဲ ကွက်ပေးတာလဲ? အတိတ်မေ့သွားပြန်ပြီလား?"

လွန်းနှင့် ယှဉ်ရပ်နေသောငြိမ်းက ကိုသော့်နောက်မှ သွန်းကို မေးငေါ့ပြ၍ ခနဲ့သည်။ ထိုအခါ

" ငါ့မှာ တစ်ဗူးပဲပါတယ်။ မင်းတို့နှစ်‌ယောက် ခွဲသောက်လိုက်ကြ။ "

ကိုသော်က သာမန်အတိုင်းအေးဆေးစွာပြောသည်။ ပြီး မေးရမည့်ကိစ္စရှိနေ၍

" ဒါနဲ့ မင်းတို့ပထမနှစ်မှာ မျောက်ဥ နာမည်နဲ့ ကျောင်းသားရှိလား?"

လွန်း: "....."

ငြိမ်း: "....."

" ဟဲ့ နင့်ဟာ နာမည်ပြောင်ကြီးနေမှာပါ။ "

မယ်လေးက ဉာဏ်‌ကောင်းသူပီပီ ခန့်မှန်းပြသည်။ ကိုသော် စဉ်းစားသွားကာ

" အေးနော်.... "

ငြိမ်း: " တစ်ခါမှ မကြားဖူးဘူး။ လွန်း။ မင်းရော ကြားဖူးလား?"

လွန်းမှာ ရေပင်သီးတော့မလို ဖြစ်သွားရသည်။

" ဟင့်အင်း။ "

" အင်း... မရှိတော့လည်း ဘယ်တတ်နိုင်မလဲ? ငါ့သူဌေးရဲ့...!"

" အဲ... သော်ငယ် နောက်ကျနေပြီ။ ပြန်‌တော့နော်ဗျ။ "

ကောက်ခါငင်ခါကြီး ထပြောသည့်လွန်းကြောင့် ကိုသော်တင်မက ကျန်သူများပါ ဆွံ့အသွားကြသည်။

" ကျွန်တော် စိတ်ချမယ် ကိုသွန်းဒီမောင်။ "

ထိုစကားကိုတော့ မှာဖြစ်အောင် မှာသွားသေးသည်။ ကိုသော့်စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားလိုက်ရ၏။ မှာပြီး အရင်ဦးဆုံး ထွက်သွားသည့် လွန်းအနောက် တစ်ယောက်ပြီးတစ်ယောက်က ကိုသော့်အား အသီးသီးနှုတ်ဆက်၍ လိုက်ပါသွားကြသည်။ တစ်ဦးတည်းသော ကျန်ရစ်ခဲ့သူမှာ ငြိမ်းပင်။ ကိုသော် မျက်မှောင်ကြုတ်ကြည့်သည်။

" မင်းက ဘာရပ်လုပ်နေတာလဲ?"

" ဘာလုပ်လုပ်ပေါ့။ ကိုယ့်လမ်း ကိုယ်သွားပါဗျာ။ "

Agape [ OC ] COMPLETEDWhere stories live. Discover now