၃၉

194 17 0
                                    


" ဘယ်လို? ဘွားမေက မင်းရဲ့အဘွား? "

" ဟုတ်။ "

ကိုသော် အံ့ဩသော်လည်း ရယ်မိ၏။

" မင်း သိလား... မင်းမှာ အဘွားတစ်ယောက်ရှိမှန်းတော့ ကိုယ်သိတယ်။ ဒါပေမယ့် ဘွားမေမှန်း လုံးဝ ထင်မထားခဲ့ဘူး။ ဟား‌~ "

ပြောရင်း သူ အခွင့်ထူးခံတစ်ယောက်လို နေခဲ့ရသည့်အချိန်ကို ပြန် သတိရသည်။

" ဒီလိုဆို.... ကိုယ့်ကို မန်နေဂျာပေးတာရော၊ လစာများပေးတာရော၊ ဘောလုံးပွဲ၊ သီတင်းကျွတ်ပိတ်ပေးတာရော၊ ဒါတွေ အားလုံးက...? "

" သော်ငယ် စိတ်ဆိုးသွားတာလားဟင်။ "

သူရယ်သည်ကို စိတ်ဆိုး၍ ရယ်သည်အထင်နှင့် မေးသည်။ လွန်းမောင်ကို ခေါင်းခါပြလိုက်ရင်း

" ကိုသော် စိတ်မဆိုးပါဘူး။ ဘွားမေက မင်းကို တော်တော်ချစ်တာပဲလို့ တွေးနေတာ။ အဲဒီလို အဘွားမျိုးရှားတယ်နော်... ဒီတော့ မျောက်ဥဆိုတာက။ "

ကိုသော် အတည်ပြုလျှင်

" ကျွန်တော်ပါပဲ။ ဟဲဟဲ။ "

တဲ့ ။ ကိုသော် ဘုရားတရတော့သည်။

" oh my god! မင်းက မျောက်ဥ? မင်း အဲဒါကိုရော သိလား? မဆွေတို့ ကိုနေမျိုးထွန်းတို့လေ ကိုယ့်ကို ယောက်ဖလေး၊ မတ်လေးဆိုပြီး ခေါ်နေကြတာ။ "

" ဗျာ... ဟုတ်လား? "

သူက ကိုသော့်ကို ပြန်မေးနေသည်။

" အင်ဟင်! အလုပ်မပိတ်ခင်ရက်က သူတို့တွေ ဘာပြောနေကြလဲ သိလား? ဘွားမေဖုန်းတွေသိမ်းတာ မင်းစနက်တဲ့။ မင်းက ကိုယ့်ကို ခိုးပြေးမလို့တဲ့။ "

" အခု ခိုးပြေးနေပြီလေဗျ ဟဲဟဲ...."

ကိုသော် မျက်ဖြူလန်ကာ လက်မြှောက်လိုက်ရပါသည်။ သူ ဖုန်းမကိုင်ရသည့် အတောအတွင်း ဘာတွေများဖြစ်သွားသည်လဲ မသိပါ။ ဖုန်းသိမ်းမည်ဆိုတုန်းက ဝရုန်းသုန်းကားနှင့် မကြယ်စင်ဆီသာ အသိပေးဖြစ်ခဲ့သည်။ မယ်လေးတို့လည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ။ ဒါဟာ လွန်းမောင်၏ အကြံတဲ့။ တွေးရင်းနှင့် အလိုမကျဖြစ်လာကာ

Agape [ OC ] COMPLETEDWhere stories live. Discover now