၃၁

241 16 0
                                    


" သားမောင်? သားမောင်? အိပ်ပြီလား?"

ဒေါ်မဒီက တံခါးကိုအသာခေါက်၍ ခေါ်လျှင် ပင်ပန်း၍ စောစောအိပ်နေသည့် လွန်းမောင်အား ကိုသော် နှိုးရကောင်းနိုး မနှိုးရကောင်းနိုးနှင့် စဉ်းစားသည်။ သို့သော် အန်တီသည်လည်း ပြန်မတုံ့ပြန်မချင်း မသွားမည့်ပုံပေါ်သည်။ ထို့ကြောင့် ကိုသော် မှန်းလျှောက်၍ အရင်တံခါးသွားဖွင့်ပေးကာ

" လွန်းမောင်က အိပ်နေပြီဗျ။ နှိုးလိုက်ရမလား အန်တီ။ "

ကိုသော့်ကိုတွေ့လျှင် ဒေါ်မဒီက ပြုံးပြ၍ နောက်မှ လွန်းကိုလည်းလှမ်းကြည့်သည်။ အမှန်တကယ်အိပ်မောကျနေမှန်းမြင်လျှင်

" ဒါဆို သားသော်ကိုပဲ ခေါ်သွားတာပေါ့ လာ... အန်တီနဲ့လိုက်ခဲ့ဦး သား။ "

" ဒါပေမယ့်.... လွန်းမောင်က~~~"

"ကဲ လာပါ။ မျောက်လောင်းကောင်လေး နှိုးလာမှ သားသော်ကိုမတွေ့ရင် ဖြစ်သွားမယ့်ရုပ်ကိုကြည့်ချင်သေးတယ် ခစ်ခစ်။ "

ဒေါ်မဒီက ကိုသော့်စိတ်ထဲ စိုးရိမ်နေသည်ကို သိသည့်အတိုင်း ရယ်သံနှော၍ပြောသည်။ သို့နှင့် ကိုသော်လည်း ဒေါ်မဒီ လက်ဆွဲခေါ်၍ နောက်ဆံတင်းစွာ ပါလာတော့သည်။ မအိပ်ခင် သူ့အား လွန်းမောင်မှာသည်က

' သော်ငယ် အခန်းပြင်ထွက်ချင်ရင် ကျွန်တော့်ခေါ်ရမယ်နော်'

တဲ့....။ ဒါပေမယ့် ကိုသော်ထင်သည်မှာ အိမ်အတွင်း မည်သည့်နေရာသွားသွား လုံခြုံသည်ဟူ၍။ နောက် သူ၏ မျက်လုံးဟာလည်း ရှေ့မှအတားအဆီးတစ်ခုခုရှိလျှင် ခပ်ရေးရေးတော့ မြင်ပါသေးသည်။ ထို့ကြောင့် လွန်းမောင် အိပ်ရေးပျက်မည့်အရေး သူ ဒုက္ခမပေးချင်။ အခုက လွန်းမောင်၏ အမေခေါ်သည်မို့လည်း ပြဿနာမရှိပေ။

________________________________________________

" သားမောင်က ဆိုးတယ်မဟုတ်လား?"

" လိမ္မာပါတယ် အန်တီ"

ချက်ချင်းကိုတန်းဖြေသော ကိုသော်။

" ဟုတ်လို့လား? အန်တီတို့နဲ့ဆို ဆိုးလိုက်တာမှ ။ ဘယ်တော့မှလည်း စကားနားမထောင်ဘူး။ အဘိုးကြီး၊ အဘွားကြီးခေါ်တာသာ ကြည့်တော့။ "

Agape [ OC ] COMPLETEDWo Geschichten leben. Entdecke jetzt