ကိုသော်တို့ နောက်ဆုံးနှစ်ပြီးသောအခါ ခရီးထွက်ကြသည်။ ကျိုက်ထီးရိုးသို့ တစ်ညအိပ် နှစ်ရက်ခရီးသာဖြစ်သည်။ ကားပေါ်တွင် လေပြည်နှင့် သွန်းက အတူ၊ သူရိန်နှင့် မင်းညီကအတူ၊ မင်းကိုကိုနှင့် နှင်းဝတ်ရည်ကအတူ၊ ဟန်လင်းသန့်နှင့် ဝင်းပြည့်မောင်ကအတူ၊ လွန်းနှင့် ကိုသော်ကအတူ၊ ကိုယံနှင့်မယ်လေးက အတူ၊ ငြိမ်းနှင့် သော်တာက မတည့်အတူတစ်ခုံ၊ လင်းကတော့ တစ်ယောက်တည်းတစ်ခုံ၊ ထို့အပြင် အထူးဧည့်သည်တော်အနေဖြင့် ကိုထက်နှင့် ကြယ်စင်ပါ အစစ်ပါသေးသည်။ အမှန်တော့ မိဘများက မင်္ဂလာဆောင်စဉ်တုန်းက ကိုသော့်ဆီ ဖိတ်စာမပို့သည့်ကိစ္စကြောင့် မကျေမချမ်းဖြစ်ကာ အတင်း ထည့်လိုက်ခြင်းဖြစ်သည်။ ကိုထက်တို့အနေမကြပ်စေဖို့ သူရိန်တို့နှင့် လွန်းတို့က အနောက် ခပ်လှမ်းလှမ်းတွင် ထိုင်လိုက်ကြသည်။
" တို့ဘက် အရမ်းမတိုးနဲ့ မောင်လေးဂေး။ "
" ဘာကို မောင်လေးဂေးလဲ?"
ငြိမ်းနှင့် သော်တာဆိုသည်မှာ ရောက်တာနှင့်ရန်ဖြစ်သည်။ ဒါတောင် သော်တာနှင့် အတူထိုင်သည့်သူက ငြိမ်းဖြစ်နေ၍၊ သွန်းသာဆိုပါမူ ကားပေါ်တွင် ထ သတ်လိုက်မည့်ဖြစ်ခြင်း။
" မလင်း။ ဒီကိုလာထိုင်စမ်းဗျာ "
စိတ်မရှည်တော့ ငြိမ်းက ခေါ်သည်။ လင်းသည်လည်း နေချင်ပုံမပေါ်။
" ဟေ့အေးနော်။ မထိုင်ဘူး။ ငါ့နားလည်းတစ်ယောက်မှ လာမထိုင်ကြနဲ့။ "
ပြောရင်း နောက်ဆုံး ခုံရှည်တစ်ခုလုံးအပေါ် လင်း ပက်လက်လှန်ပြီး အိပ်လိုက်သည်။ ကားစီးလုံးအပြည့် လူအုပ်ကြီးကို လိုက်ကြည့်ကြီး ကိုသော် အားရလို့။ အချိန်ကြာလေ အပေါင်းအသင်းတိုးလေ။ ထိုအချက်ကို ကိုသော် ပီတိဖြစ်၍ မဆုံး။
" ခွီး... အတွဲမရှိတာ လင်းတစ်ယောက်ပဲရှိတော့တယ်။ "
ကိုသော် လွန်းမောင်ကို ကပ်ပြောလိုက်ပေမဲ့ နားပါးသည့် လင်းက ကြားသည်။
" ဟဲ့ ကိုသော်။ နင် ငါ့အတင်းတွေ ပြောနေတာမလား?"
ကိုသော်လည်း ရယ်ရင်း
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.