၄၁

320 22 4
                                    

Unicode

ညစာစားရန် အောက်ထပ်ဆင်းသည့်အခါ လွန်းမဟုတ်ဘဲ ကိုသော် ဒူးချောင်နေသည်။ သူ မတ်မတ်ရပ်လို့မရ။ လွန်းက ဘေးနားမှ ကူတွဲပေးသည်။
" ဖြည်း ဖြည်း သော်ငယ်။"

သူ့ကိုယ်သူ နားမလည်နိုင်။
"ဘာကြောင့် ဒီလောက်အထိ ဖြစ်သွားရတာလဲ?"

" တောင်းပန်ပါတယ် သော်ငယ်။"

ကိုသော် ခေါင်းယမ်းလိုက်သည်။
"မဟုတ်ဘူး။ လွန်းမောင်ကြောင့် မဟုတ်ဘူး။ ကိုသော် စဉ်းစားမရတာက..."

သူစဉ်းစားနေသည်ကို လွန်းက သိသည့်အတိုင်း
"အဲဒီတုန်းက စိတ်ဇောကပ်သွားလို့နေမှာ။ "

ကိုသော် ငြိမ်သွားရသည်။

" ဒါနဲ့ ပန်းချီကားက သူရိန့်ဆီမှာဆို?"

လွန်းမောင် ဘာသဘောနှင့်မေးလဲ မသိပေမယ့် သူ ခေါင်းညိတ်ပြလိုက်သည်။ စာခန်းထဲရောက်သောအခါ ကိုသော် စားပွဲကို လက်နှင့်ထောက်ထားပြီး လွန်းမောင် ခုံယူအပေးကိုစောင့်သည်။ သို့သော် မျှော်လင့်မထားစွာ သူ လွန်း၏ပေါင်ပေါ် ဆွဲချခံရသည်။ နှုတ်ကနေလည်း
"ဒီတိုင်းထိုင်ရင် သော်ငယ် နာမှာစိုးလို့" တဲ့။

စားပွဲပေါ် ဖုန်းတင်လိုက်သည်ကိုကြည့်ပြီး
" ဘာလဲ? အရေးကြီးလို့ ဖုန်းယူလာတာလား?"
မေးတော့
" ဟုတ်။ အရေးကြီးတယ်။ "

ပြီးမှ ကြည့်မိသည်။ ခုနက ပြင်ဆင်ထားခဲ့သော ထမင်း ဟင်းတို့မှာ အငွေ့ပျောက်ပြီး အေးနေ၏။
" နေဉီး။ ကိုသော် ပြန်နွှေးမယ်။ "

သည်တော့မှ လွန်းလည်း ကိုသော့်ကို ချပေးပြီးထသည်။
" သော်ငယ်ထိုင်ပါ။ ကျွန်တော်လုပ်လိုက်မယ်။"

ထိုအခါ ကိုသော် စ သည်။
" ဟမ်? ငဂျစ်က ပန်းကန်ခွက်ယောက်တွေ ကိုင်တတ်လို့လား?"

လွန်းကရယ်သည်။
" သော်ငယ်နဲ့ နေရတော့မယ်ဆိုတော့ ကြီးမြဆီက နည်းနည်းပါးပါး သင်ထားပါတယ်ဗျ ဟီး ဟီး။ "

လွန်းထသွားချင်းပဲ စားပွဲပေါ်တင်ထားသည့် ဖုန်းမှ အသံမြည်လာသည်။ အမှတ်တမဲ့ ကိုသော် ကိုင်မလို့လုပ်တုန်း သူ့လက်မရောက်ခင် လွန်းက ဆတ်ခနဲ ဆွဲယူသွားသည်။ ပြီး စားခန်းအပြင်ထွက်သွား၏။ ကိုသော် မျက်မှောင်ကြုတ်မိသည်။ သူ့ကိုတောင် မသိစေချင်တဲ့အထိ လွန်းမောင်မှာ မည်သို့သော လျို့ဝှက်ချက် ရှိနေသနည်း? ကိုသော် မကျေနပ်ပါ။ သူ ယိမ်းတိမ်းယိုင်တိုင်နှင့် နောက်ကနေ တိတ်တိတ်လေးလိုက်သွားသည်။

Agape [ OC ] COMPLETEDWhere stories live. Discover now