၄၂

231 20 0
                                    

" ကိုသော်?"

သွန်းက ဝှီးချဲနှင့် ကိုသော့်ကို မျက်လုံးအဝိုင်းသားနှင့် အံ့ဩဘနန်း ကြည့်သည်။

" မင်း မင်း... "

ပြေရမည်မှာ ပြောမထွက်။ ကြီးမြပြောတုန်းက သူမယုံ။ သူတင်မက ဝင်းပြည့်မောင်တို့ပါ ပါးစပ်အဟောင်းသား။

"လွန်းဒီမောင်! မင်းလုပ်တာမလား!"

အစက ကိုယံ ဒေါသထိန်းထားသော်လည်း လွန်း၏ စပ်ဖြဲဖြဲမျက်နှာကိုလည်း မြင်လေလျှင် မသက်မသာ ညီဖြစ်သူကို ပြန်ကြည့်ပြီး ဒေါသထွက်လာသည်။ လင်းတို့ဘက်ကလည်း ကိုယံမလွန်ဟု ထင်သည်။ ရှေ့တိုးတော့မည့် ကိုယံ့ကို သူတို့မတားကြ။ ဖြစ်ချင်ရာဖြစ်ပါစေ။ နောက်မှ ဆေးထည့်ပေးမည်ဟူ၍။

သို့သော် သူတို့အကုန်လုံးနှင့် ဆန့်ကျင်စွာ ကိုသော်ကတော့ ထတားသည်။ သူ ချစ်ခင်စုံမက်၍ ယူထားသည့် လူကို မည်မျှ ဆိုးဆိုး အဘယ်သို့ သူများအထိခိုက်ခံနိုင်မည်နည်း။ ရိုက်ခြင်းရိုက် သူကိုယ်တိုင်ပဲ ရိုက်မည်။ ရလဒ်အနေနှင့် ကိုယံသာ ရပ်လိုက်ရသည်။

" တော်ပြီ။ ထမင်းစားမယ်။ "

ဟု ကိုသော် အခြေအနေကို လျှော့ပေးလျှင်

" ကိုသော်? ခဏ...."

ဟူ၍ သွန်းက လက်ပြခေါ်ကာ ခြံထဲဘက် အရင်ထွက်သွားသည်။ ထိုအခါ ကိုသော် လွန်းကို ပြန်မော့ကြည့်သည်။  လွန်းသည်လည်း

" လိုက်ပို့မယ်။ "

ပြောပြီးရုံရှိသေးသည်။ သွန်းက တစ်ခေါက်ပြန်ဝင်လာကာ  ကိုသော့်ဆီလာ၍

" ငါ တွန်းပေးမယ်။ "

" သူ့ယောကျာ်း တစ်ယောက်လုံးရှိနေတာ။ ကျုပ်တွန်းမယ်။"

နှစ်ယောက်က စောင်ပြန်သည်။

" မင်းလူကိုလည်း ငါ ဘာမှ မလုပ်ဘူး။ "

" ဒါ အပြောပဲရှိတာလေ။ "

သွန်း စိတ်မရှည်စွာ သက်ပြင်းတိုချသည်။

" ဒီမှာ လွန်းဒီမောင်။ သူနဲ့ အရေးကြီးတာ ပြောချင်ရုံပဲ။ မင်းစိတ်နဲ့ လိုက်မနှိုင်းနဲ့။ "

" ဘာစကားပြောတာလဲ?"

ကိုသော် နဖူးကို လက်ထောက်ထားရသည်။

Agape [ OC ] COMPLETEDTahanan ng mga kuwento. Tumuklas ngayon