1.5K 112 3
                                    

#Unicode
" သူ့ကို အမှန်တိုင်း ပြောလိုက်ရင် မင်းရော ငါရော ဘာဖြစ်သွားမယ်ထင်လဲ? ဟမ်!"

"ငါ တောင်းပန်ပါတယ်"

ကိုသော်က သွန်းကို တောင်းပန်ရှာသည်။

" ပြောလိုက်ရင် တောင်းပန်တယ် ဆိုတာချည်း။ အဲဒီထက်ပိုပြီး မပြောတတ်ဘူးလား?"

"ဘာ... ဘာပြောရမှာလဲ... အား!"

ရှေ့မှ နံရံကို ပိတ်ထိုးလိုက်သောသွန်းကြောင့် ကိုသော် နားပိတ်အော်မိသည်။

" ကြောက်တတ်လိုက်တာလဲ လွန်ရော။ မိန်းမရှုံးတယ်"

သွန်းကမူ သူ၏ ခံစားချက်များကို ရှေ့တန်းတင်နေသည်။ သို့သော် သွန်းကို စိတ်မနာရက်။ သွန်းတစ်ယောက် မည်သည်ကိုအလိုမကျဖြစ်နေမှန်း ကိုသော်မခန့်မှန်းနိုင်။

" ဘာလို့မပြောခဲ့တာလဲ?"

"ဟမ်? ဘာကိုမေးတာလဲ သွန်း"

သွန်းက စိတ်မရှည်ဘဲ စုပ်သပ်ပြီးမှ

" မင်းမှာ ခွဲမရအောင်တူတဲ့ အမြွာညီမရှိတဲ့အကြောင်းလေ!"

သွန်းလိုချင်သည့်အရာကို ယခုမှ ကိုသော် သဘောပေါက်လာသလို။ တစ်ချိန်တည်းမှာပင် သွန်းအား သော်တာ့ဆီ ပေးလိုက်ရမည်ကို သူ စိုးရိမ်လာ၏။ ထို့ကြောင့် ကိုသော်တစ်ယောက် မျက်လုံးစုံမှိတ်ကာ

" ဒီည! ငါ လာအိပ်မယ်!"

" နေတော့။ မလာနဲ့ "

"ဟင်?"

ကြောင့်ကျမှုတွေသည် ကိုသော့်ရင်ထဲ အလုံးအရင်းနှင့် တိုးဝင်လာသည်။

" မနက်ဖြန် ကျောင်းကို စောစောလာခဲ့။ ငါ ပြောစရာရှိတယ်"

"ဪ.... အင်း.... အင်းပါ"

တုန်လှုပ်လျက်စကားသံနှင့်အတူ သူ့ နှလုံးသား နွမ်းဖတ်လျက် အသွေးအသားများ ခမ်းခြောက်သကဲ့သို့ ခံစားနေရသည်။ အရင်ကျောခိုင်းနှင့်သော သွန်းအား ကိုသော် ငေးမောကျန်ရစ်ခဲ့ရှာသည်။

_______________________________________________

" ဟိုရောက်ရင် နင့်ရဲ့ ကျုပ်၊ ကျုပ် ဆိုတာကြီးကို ပြင်ပြော။ ကြားလား မြေးမောင်"

Agape [ OC ] COMPLETEDWhere stories live. Discover now