၁၇

445 37 1
                                    


မကြယ်စင်၏ ချစ်သူကို ကိုထက်ဟုသာ နာမည်ရင်းနှီးနေသော်လည်း လူကိုတော့ အခုမှ ကိုသော် မြင်ဖူးခြင်းဖြစ်သည်။ လိုက်ဖက်ညီစွာဝတ်ဆင်ထားသော ခိုရောင် အင်္ကျီနှင့် ပုဆိုးက နဂိုဖြူသန့်သော အသားအရောင်ကို ပို၍ပေါ်လွင်စေကာ ခဏပြီးခဏ မကြယ်စင်အား ကြည့်လိုက် ပြုံးလိုက်လုပ်နေသည့် ပြုံးစစအမူအရာတွင် သဘောမနောကောင်းမှုတို့ထင်ဟပ်နေကြောင်း ကိုသော် ခန့်မှန်းနိုင်သည်။ ကိုထက်က ငါထင်သလို အရမ်းဆိုးမယ့်ပုံတော့မပေါ်ပါဘူးဟု စိတ်ကနေ တွေးရင်း ကိုသော် သက်ပြင်းကျိတ်ချနိုင်သွားသည်။ တစ်ဖက်တွင် ကိုသော်တို့ အိမ်ရှိလူကုန် ထိုင်နေပြီး စားပွဲရှည် နောက်တစ်ဖက်တွင် ကိုထက်တို့ သားမိသားဖသုံးယောက်ထိုင်ကာ တစ်မိသားစုနှင့် တစ်မိသားစု မျက်နှာချင်းဆိုင်လျက်ရှိကြသည်။ ဤတွင် ကိုထက်၏ ဖခင်က တိုက်ပုံကို ဆွဲဆက်ဆန့်လျက် စကားအစချီရန် ချောင်းဟမ့်ပြီး...

"ကဲ...အချင်းချင်းဆိုပေမယ့်လို့ မပြောမပြီးမတီးမမြည်ဆိုသလို ...ဒီ..!"

ထိုစဉ် အပေါ်ထပ်မှ ခွမ်းခနဲ မြည်သံကြောင့် စကားစပြတ်သွားသည်။ လူတိုင်း၏ မျက်လုံးတို့သည် ၎င်းတို့ခေါင်းပေါ်မှ အင်္ဂတေမျက်နှာကျက်ကြီးကိုသာ မော့ကြည့်လျက်။ ဦးဟန်နူးဝေ သားဖြစ်သူ ကိုသော့်အား တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ အရင်ကတည်းက အနေကျပ်လျက်ရှိသော ကိုသော်လည်း ကသိကအောက်ဖြစ်ပုံပေါ်သည့် ကိုထက်အဖေဘက်လှည့်၍

" အန်ကယ်လ်တို့ ဆက်ပြောကြပါ။ ဆက်ပြောကြပါ။ ကျွန်တော့်အခန်းထဲ မျောက်တစ်ကောင် ရောက်နေလို့ သွားကြည့်လိုက်ပါဦးမယ်။"

ထိုအခါ ကိုထက်က

" ဪ ညီသော် မျောက်မွေးထားတာလား? ဘယ်အရွယ်လောက်ရှိပြီလဲ? ကိုယ်လည်း တိ ချစ်တယ်။ "

ထိုစကားကို ကြားကြားချင်း ကိုသော် စိတ်ထဲက ပြောလိုက်သည်မှာ

" တကယ်တွေ့ရင်ရော ချစ်ဦးမှာလား"

ဟူ၍။ သို့ပေတည့် နှုတ်ကတော့ဖြင့်

" ကြီးနေပါပြီ။ လည်လည်း လည်တယ်။ အစားလည်းကြီးတယ်။ အခုလည်း ဗိုက်ဆာလို့ ဆန္ဒပြတာနေမှာ။ သွားလိုက်ပါဦးမယ်။"

Agape [ OC ] COMPLETEDWhere stories live. Discover now