၃၂

239 16 1
                                    


" မလင်းရာ။ အမြဲအချိန်မတော်ဆက်တယ်နော်။ မလင်း ဆေးကျောင်းသူမဟုတ်ဘူးလား။ စာလုပ်စရာရောမရှိဘူးလား။ သော်ငယ်မအားဘူးဗျ။ ဒီနေ့ ကျူတိုရှိတယ်။ ဒါပဲဗျာ။"

ဖုန်းကိုတီခနဲချပြီး ကိုသော့်အိတ်ထဲ လွန်းထည့်ပေးလိုက်သည်။ လင်းဟူသည် နေ့ ည မရွေး အချိန်မတော်ဆက်နေကြ။ လွန်း၏ မိဘများကတော့ တစ်ခါတလေ ညပိုင်းမှဖုန်းခေါ်တတ်သည်။ ကျောင်းတစ်ဖက်နှင့် သူရိန်နှင့် မင်းညီတို့အား guideလည်းပြပေးသည့် လင်းတစ်ယောက် သူတို့အား ဖုန်းဆက်နှောက်ယှက်ချိန်လည်းရှိသေးသည်ကို လွန်းမှာ အံ့ဩ‌နေသည်။

"အယ် သော်ငယ် မလောပါနဲ့။ မလောပါနဲ့။ "

ပထမဆုံးအချိန် Tutorialရှိ၍ ခါတိုင်းထက်စိတ်လောနေသော သော်ငယ့်အား လွန်း နောက်မှ သတိပေးနေရသည်။ မျက်ကပ်မှန်တပ်ဖို့အချိန်မရှိသဖြင့် မျက်မှန်သာ အဖြစ်ကောက်တပ်တော့

" သော်ငယ်။ မျက်ကပ်မှန်တပ်ပါလား။ တစ်နေ့လုံးကျောင်းမှာနေရမှာ။ လာ။ ကျွန်တော်တပ်ပေးမယ်။ "

" ရတယ် လွန်းမောင်။ ဒီတစ်နေ့တည်း ဘာမှမဖြစ်ပါဘူး။ သွားမယ်။ "

" ဒါပေမယ့်..."

" လာစမ်းပါကွာ။"

‌ကိုသော်ကပဲ လွန်းကိုလက်ဆွဲ၍ အဆောင်ကထွက်လာခဲ့တော့သည်။ သူတို့လျှောက်လာလျှင် လမ်းတွင် လူစိမ်းတချို့နှင့်စကားပြောနေသော ငြိမ်းနှင့်သွန်းတို့ကိုပါ တွေ့၏။ ကိုသော်တို့ဘက်က တွေ့သော်လည်း အလျင်လိုနေသောကြောင့် နှုတ်မဆက်ဖြစ်။ သို့သော် သူတို့အားမြင်သော သွန်းသည် အရင်ပြေးလာပြီး

" ကိုသော်! ကိုသော်!"

လှမ်းခေါ်သံကြား၍ ကိုသော် မျက်မှန်ကိုလက်နှင့်ပင့်တင်ကာ လှည့်ကြည့်သည်။

" အိုင်း~~~ "

သွန်းက စိတ်ရှုပ်ဟန် သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောသည်။

" မင်း ငြိမ်းကိုပြောပါဦး ကိုသော်။ သူက ငါ့အစ်ကိုနဲ့တင်မကဘူး။ ငါ့အစ်ကိုရဲ့ အစုတ်အပြတ်သူငယ်ချင်းတွေနဲ့ပါ ပေါင်းနေတယ်။ ငါ့အစ်ကိုရဲ့ ကိုယ်ကျင့်တရားကိုတော့ ငါအာမခံနိုင်ပါတယ် ကိုသော်ရာ။ ဒါပေမယ့် သူပေါင်းတဲ့လူတွေက .....ဟူး~~~"

Agape [ OC ] COMPLETEDWhere stories live. Discover now