အချိန်အခါမဟုတ်ပေမယ့် သင်္ကြန်နားနီး၍ မိုးသည်းသည်းရွာသော ညဖြစ်သည်။အခန်းမျက်နှာကျက်၏ မီးဆိုင်းလေးက မှိန်ပျပျအလင်းပေးလျက်။ ပြတင်းမှန်ရှိ ခန်းဆီးစကို ဆွဲပိတ်ကာ သူရိန်လှဲနေရာဘေး သွားထိုင်သော ကိုသော်။ ကိုယံနှင့်ပင် မျက်နှာကျဆင်လာသည့် သူရိန်က လူပျိုပေါက်ကလေးဖြစ်လာသည်။ ညီဖြစ်သူ အိပ်နေပုံကိုကြည့်ရင်း တစ်ဖန် မိုးသည်းထုကလည်း ကိုသော်၏ အိမ်လွမ်းသောစိတ်ကို တမြေ့မြေ့တဆွေးဆွေးလှုံ့ဆော်ပေးနေသည်။ ပြီးတော့လည်း သူနှင့် တစ်အိမ်တည်းနေ လွန်းမောင်ကိုပါ လွမ်းဆွတ်လာပြန်သည်။
ဪ.... အလွမ်းအဆွေးများ
ကိုသော် လက်ဖဝါးနှစ်ဖက်ချီယှက်လိုက်ကာ ဘုရားသခင်ထံ သူ၏ မိသားစုအတွက်၊ လွန်းမောင်တို့မိသားစုအတွက်၊ ကိုထက် ၊ မယ်လေး၊ သွန်းနှင့် ငြိမ်းတို့ပင် ပါလိုက်သေးသည်။ သူတို့အားလုံး၏ ကောင်းကျိုးအတွက် ဆုတောင်းပေးဖြစ်သည်။ လွမ်းလျှင် ဆုတောင်းမည်။ အရှင့်ဆီ ရင်ဖွင့်မည်။ ထိုနည်းနှင့် ကိုသော့်စိတ်နှလုံး အလွန်တရာအေးချမ်းရပါသည်။ ကောင်းကင်က ကျယ်ကျယ်လောင်လောင်မြည်တမ်းနေသည်။ အိမ်ပြင်တွင် မိုးရေစက်တို့က မြေပြင်ဆီ အရှိန်အဟုန်နှင့် ပျော်ရွှင်စွာ သက်ဆင်းနေကြလိမ့်မည်။ ကျေးဇူးတင်ထိုက်စရာ အရှင်ဖန်ဆင်းပေးထားသော သဘာဝတရားဟာ တစ်မျိုးတစ်ဖုံ လှပနေပါသည်။ အတွေးတို့တိတ်သွားသည့်အခါ ထိုသဘာဝတရားဆီမှ စွမ်းအင်တစ်မျိုးသည် သူ့ကိုယ်ထဲ လက်ထိပ် ခြေထိပ်တို့မှတစ်ဆင့် စီးဆင်းဝင်ရောက်သွားသည့်နှယ် အားအင်အပြည့်အဝနှင့် မျက်ဝန်းတို့ကို ဖြည်းဖြည်းသာသာဖွင့်လိုက်သည်။
" အေးနေလားဗျ သော်ငယ် "
မျက်လုံးဖွင့်လိုက်သည်နှင့် တိုးတိတ်ညင်သာသောစကားသံပိုင်ရှင် လွန်းမောင်၏ခပ်မှိန်မှိန်ပုံရိပ်ကို မြင်လိုက်ရ၍လည်း အေးချမ်းနွေးထွေးမှုကို တစ်ပြိုင်နက်တည်းခံစားရပြန်သည်။ ပုခုံးပေါ်လွှမ်းခြုံပေးလာသော တဘက်ရှည်အပိုင်းလေးကို ကိုသော် ပိုလုံအောင်ဆွဲယူ၍ ခြုံသည်။ လွန်းမောင် ကမ်းပေးသည့် လက်တစ်ဖက်အား ကိုင်၍ထပြီး ထိုကောင်လေးခေါ်ရာ လိုက်လာခဲ့သည်။
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.