၄၇

266 18 0
                                    

" ကိုသော်!"

သူ ငိုနေသည်။ အိပ်မက်ထဲမှာပဲဖြစ်လိမ့်မယ်။ အပြင်မှာ သူ့ဘေးတွင် လွန်းမောင်ရှိသားနှင့်။ ဟုတ်သည်။ ဒါ အိပ်မက်ပါ...

" သွန်း~~"

" ကိုသော်ရယ်..."

သွန်းက ကရုဏာသက်စွာ ကိုသော့်ကို နှစ်သိမ့်အားပေးသည်။ ပတ်ဝန်းကျင်ကို သူ လှည့်ပတ်ကြည့်မိသည်။ ဟုတ်သည်။ ပစ္စည်းတွေသည် သူ မြင်နေတွေ့နေကျမဟုတ်။ အရာရာအားလုံး စိမ်းသက်လျက်။ လွန်းမောင်ကပါ သူ့ကို စိမ်းသက်နေသည်။ အိပ်မက်ထဲမှာတောင် ကိုသော် မျက်ရည်မထိန်းနိုင်။

" ငါ့ကို မမှတ်မိတော့ဘူးတဲ့။ လွန်းမောင်က ငါ့ကို~~~ "

" သော်ငယ်~~~"

"..."

" သော်ငယ်~~~"

သူတို့တွေ တွေ့ခါစတုန်းက အဆောင်မှာလို အိပ်ရင်းငိုနေသူကို လွန်း အသာလှုပ်နှိုးသည်။ သို့သော် နိုးမလာဘဲ

" လွန်းမောင်က မမှတ်မိတော့ဘူးတဲ့~~"

ဟု တီးတိုးရေရွတ်သံလည်း ကြားရသည်။ သူ၏အိန်ဂျယ် အိပ်မက်ဆိုးမက်နေပြီမှန်း လွန်း ထင်လိုက်သည်။ မမှတ်မိဘဲ နေပါ့မလား.... သော်ငယ်ရယ်....

" သော်ငယ်ဗျ"

"အဲဒီလို မဖြစ်ရဘူးလေ~~~"

" သော်ငယ်... သော်ငယ်..."

အိပ်မက်တွေဟာ ရှည်ကြာလေ နာကျင်စရာကောင်းလေမှန်း လွန်းသိသည်။ လွန်း မည်မျှလောက် ခေါ်နှိုးပါစေ နိုးမလာဘဲ အတန်ကြာအထိ လွှတ်ပေးထားခဲ့သည့်အခါမှသာ ကိုသော် အလိုလို လန့်နိုးလာသည်။

" သော်ငယ်?"

နိုးနိုးချင်းမှာ လွန်းကို တန်းဖက်သည်။ ပြီးတော့ ရင်နင့်အောင် ရှိုက်သည်။

" လွန်းမောင်~ ကိုသော်တော့ သေတော့မှာပဲ။ ဒီနားက နာလွန်းလို့ သေမှာပဲ~~ အ~~~"

သူ့ရင်ဘတ်ကို လက်သီးဆုပ်နှင့် ထုရင်း တနင့်တပိုးဆိုသည်။ အရှိန်ပြင်းလွန်းသဖြင့် လွန်း ဖမ်းကိုင်ထားရသည်။

" ကျွန်တော် ရှိပါတယ် သော်ငယ်ရယ်... ကျွန်တော် ရှိတယ်ကွယ်...."

Agape [ OC ] COMPLETEDWhere stories live. Discover now