၃၇

172 18 0
                                    


" ဟင့်အင်း... မသွားနဲ့... မသွားပါနဲ့ဆိုနေ... "

ကိုသော် လွန်း၏ခါးကိုဖက်၍ အတင်းတွယ်ကပ်ထားသည်။ လွန်းမောင်ဆီပဲ စိတ်အာရုံတွေပုံပေးလိုက်၍ထင်။ မခွဲရက်နိုင်ဖြစ်နေသည်။ စိတ်ပူနေသေးသည်လည်းပါ၏။

ဒါပေမယ့် ဆေးရုံမှာနေလို့လည်း မရဘူးလေ သော်ငယ်။

ထိုအခါ တိုက်ခန်းတစ်ခန်းတောင်မငှားနိုင်သေးသည့် သူ့အဖြစ်ကိုတွေးပြီး ကိုသော် အားငယ်သွားမိသည်။

" နိုး နိုး.... ကိုသော် လွန်းမောင်ကို စိတ်မချဘူး။ စိတ်မချပါဘူးဆိုနေ... အီ...."

လွန်းလည်း နှုတ်မှ ချော့မော့ပြောလို့ရလျှင် ချော့မော့လိုက်ချင်သည်။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ အငိုသန်ဆဲဖြစ်သည့် အိန်ဂျယ်တစ်ပါးကို ဘယ်လိုလုပ်ရပါ့။

သော်ငယ် အလုပ်ဝင်ရဦးမယ် မဟုတ်လား?

" အဲဒီအလုပ်ထွက်လိုက်မယ်! "

လွန်း: “....”

နောက်ဆုံး လွန်းပင် ရွေးစရာမရှိဖြစ်သွားသည်။ ထို့ကြောင့် သူ ကြံရတော့၏။ သူ၏အိန်ဂျယ်ကိုလည်း အချိန်မရွေးစောင့်ကြည့်နိုင်မည့်နည်းလမ်းတစ်ဖြစ်....

ဒါဆို ကျွန်တော် အ‌ဆောင်မသွားတော့ဘူ။ သော်ငယ်က ကျွန်တော်နဲ့အတူ အိမ်လိုက်ခဲ့လေ။ ဘယ်လိုလဲ?

ကိုသော့်မျက်ဝန်းထဲ တောက်ပသည့်အလင်းတန်းလေး ဖြတ်ပြေးသွားသည်။

“ အင်း အင်း။ လိုက်မယ်။ ကိုသော် လိုက်မယ် ”

ဟုတ်။ ဒါဆို ကျွန်တော့်အိန်ဂျယ် တိတ်နော်။ မငိုပါနဲ့။

ဤသို့ဖြင့် လွန်း သော်ငယ့်အား မျက်ရည်သုတ်ပေးပြီး နှစ်ယောက်အတူ ဆေးရုံမှ ထွက်လာကြသည်။ ကိုသော်က ကားငှား၏။ အထဲရောက်လျှင်

“ လွန်းမောင်? မပြန်ခင် ကိုသော့်အလုပ်ကို ခဏဝင်မယ်နော်။ ”

တဲ့။ လွန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ့ခံစားချက်တွေ အခုထိ အဆင်မပြေသေးပါ။

_____________________________________________________

“ ဟယ်... မြေးငယ်။ မြေးငယ်ထွက်သွားရင် ဘွားမေ မန်နေဂျာဘယ်က သွားရှာရတော့မလဲ? "

Agape [ OC ] COMPLETEDWhere stories live. Discover now