"ဟမ်?"
" ဘာလဲ မလုပ်နိုင်ဘူးလား?"
လွန်းမောင်ဆီ အဆာပြေမုန့်နှင့် သစ်သီးစိတ်အချို့သွားပို့ပြီးနောက် ကိုသော် သော်တာ့အခန်းထဲ ရောက်နေခြင်းဖြစ်သည်။ လက်ထဲထည့်ပေးခံရသော အနီရောင် bodycon ဝတ်စုံနှင့် ဒေါက်မြင့်ဖိနပ်ကိုကြည့်ကာ သူ ဘာပြန်ပြောရမှန်းမသိ။ သော်တာ့အားလိုက်နေသည့် ကောင်လေးတစ်ယောက်ဆီ ကိုသော်က သော်တာ့လိုဝတ်၍ သွားရမည်တဲ့။ မိန်းကလေးလို ဝတ်ရမည်ဟု သူ တစ်ခါမျှ အိပ်မက်ပင် မမက်ခဲ့ဖူး။ ဝတ်လည်းမဝတ်ချင်။ အလွန်ဆုံး သူ့အား မိန်းမလျာဟု ပြောလျှင်တောင် ကိုသော်လက်ခံနိုင်သည်။ ဒါပေမယ့်... သူဟာ crossdresser မှ မဟုတ်။
" ကိုသော်က gayပဲမဟုတ်လား? မိန်းကလေးလိုဝတ်ရတာ ထူးဆန်းလို့လား? ကိုသော်သာ ဆံပင်ရှည်လေးနဲ့ high heelလေးနဲ့ဆို သော်တာ့ထက်ပိုလှမှာသိလား? လုံးဝထောက်ခံတယ်။ "
လက်မထောင်ပြပြီး ကိုသော့်အား မြှောက်လုံးပင့်လုံးများဖြင့် မျက်နှာချိုသွေးနေတော့သည်။ gayတစ်ယောက် မိန်းကလေးကဲ့သို့ ဝတ်စားဆင်ယင်ခြင်းသည် ထူးဆန်းလား မထူးဆန်းလား ကိုသော်မသိပါ။ သို့ပေမယ့် သူကတော့ မဝတ်ချင်သည်ကို မည်သည့်စကားလုံးနှင့် ရှင်းပြရမည်မှန်း...
"ဟို... ဒီတိုင်းသွားလို့မရဘူးလား သော်တာရာ"
သော်တာက အတင်းအကန်ကိုခေါင်းရမ်းသည်။
" မရဘူး။ သော်တာ့လိုဝတ်သွားရမယ်။ အဲဒါ ကိုသော့်ကို အပြစ်ပေးတာပဲ ။ ပြီးရင် ဟိုကောင်လေးနဲ့တွေ့ အပြတ်ငြင်းခဲ့။ ဒီည ၉နာရီ (XXX) ကလပ်မှာ စောင့်နေလိမ့်မယ်။ "
ကိုသော် မျက်လုံးပြူးသွားသည်။
"ဘယ်လို? ညဘက်ကြီး?"
တအံ့တဩမေးမိတော့ ပုခုံးသာတွန့်ပြ၍
" ဟုတ်တယ်လေ"
တဲ့။
"ပြီးတော့ ကလပ်?"
"ဟုတ်ပ့"
"အဲဒီကောင် ချိန်းတာလား?"
"အေးပေါ့။"
ကိုသော့်စိတ်ထဲ ထောင်းခနဲ။ ဘယ်လိုလူမျိုးက မသိသည့်မိန်းကလေးတစ်ယောက်ကို ညဘက် ကလပ်မှာ ချိန်းရဲသနည်း။ သော်တာမသွားသည်မှာ ပို၍ကောင်းကြောင်း ကိုသော်ထင်သည်။ ဆေးကျောင်းသူကို မထီမဲ့မြင်ပြုမူရဲသည့် ထိုဆန်ကုန်မြေလေးအား သူ သင်ခန်းစာပေးရမှ ကျေနပ်လိမ့်မည်။ ဟိုရောက်လျှင် ပြောဆိုပစ်မည့် စကားလုံးများကို သူ့စိတ်ထဲ စီထည့်နေ၏။ ပြီးနောက်
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.