790 78 3
                                    

#Unicode
" တော်တော်လည်တဲ့ ကောင်လေးပဲ ကိုသော်။ "

"အဲဒါတော့ အမှန်ပဲ။ သူနဲ့လည်း မရင်းနှီးဘဲ ငါ့ကို သောက်ဆေးရော လိမ်းဆေးတွေပါပေးသွားတယ်။"

"အာ ဟုတ်သားပဲ။ နင့်ပါးက ဒဏ်ရာ။ ဆေးခန်းမသွားလို့ ဖြစ်ရဲ့လား။"

"နှစ်ရက်တောင်ကြာမှပဲ။ လုံးဝကောင်းနေပါပြီဟာ"

ကိုသော်နှင့် မယ်လေးတို့ လွန်ခဲ့သည့် နှစ်ရက်လောက်က တွေ့ခဲ့ရသည့် လွန်းအကြောင်း စမြုံ့ပြန်၍မပြီးသေး။ လွန်းအား လူလည်လေးဟု ကောက်ချက်ချကြသည်။

" ခွီး~~~"

"နင် ဘာတွေရယ်နေတာလဲ?"

ရုတ်တရက်ရယ်ချသော မယ်လေးကို ကိုသော်မေးလျှင်

" မဆိုးပါဘူး။ အဲဒီလွန်းမောင်က ကျူးပစ် လေးလားပဲ ဟား ဟား"

" ဘာဖြစ်လို့?"

ကိုသော့်အမေးကိုထပ်မဖြေတော့ဘဲ မယ်လေးက ခေါင်းရမ်းပြီးသာ ရယ်နေသည်။ ကိုသော်ကမူ သူ့ဘေးမှကပ်လျှောက်နေသော မယ်လေးကို နားမလည်သလို ကြည့်၏။ ထိုအကြည့်အား သတိထားမိသည့် မယ်လေးသည် ရယ်ရှိန်သတ်ပြီး...

" ကိုသော်? နင်ကလေ တအားရိုးသားတယ် သိလား။ အဲဒါကို နင့်မျက်လုံးတွေထဲမှာ မြင်နေရတယ်။ နင် ဘာလို့ သူငယ်ချင်းမရှိလဲ ကိုယ့်ကိုယ်ကို သိရဲ့လား? ဟင်?"

မယ်လေးသည် အဓိပ္ပါယ် တစ်မျိုးနှင့်ပြောလိုက်သော်လည်း နဂိုကတည်းက အငုံ့စိတ်ဝင်နေသည့် ကိုသော်မှာ....

" ငါ... မသိပါဘူးဟာ...။ သိလည်း မသိချင်ဘူး။ "

ဆိုကာ ခေါင်းငိုက်စိုက်ကျသွား၏။

" နင် ဘာလို့ လက်ရှည်တွေပဲ ဝတ်တာလဲ?"

" မယ်လေးရာ နင် အမေးအမြန်း သိပ်ထူတာပဲ။ ဘယ်ယောက်ျားလေးက နင့်ကို သဘောကျမလဲ?"

နင့်အစ်ကို ငါ့ကို သဘောကျတယ်ဟု မယ်လေး ပြောချင်သော်လည်း စိတ်ထဲမှာသာ တေးထားလိုက်သည်။ နှုတ်ကတော့....

" သဘောမကျလဲ နင် ငါ့ကို ဘာလို့ သူငယ်ချင်းလုပ်နေသေးလဲ? ဒီမှာ... နင်က သိပ်အလိုက်သိလွန်းတယ်။ ဟိုနေ့က ငါ ထမင်းစားနောက်ကျတာတောင် နင် တောင်းပန်လို့မပြီးဘူး။ လူတိုင်းကို အဲဒီလို ရိုးသားမပြနဲ့ ။ သည်းညည်းလည်းမခံနဲ့ ကိုသော်။ တချို့တချို့တွေက နင်နဲ့ မတန်ဘူး ။ ဥပမာ...."

Agape [ OC ] COMPLETEDOù les histoires vivent. Découvrez maintenant