၁၉

423 33 0
                                    

"ဟက်! ငါ့ကိုတော့ အခြောက်လို့ပြောပြီး မိန်းမလိုဝတ်ထားတဲ့ကောင်ကိုကျ..."

စားပွဲကိုထုပြီး ထသွားသည့် သွန်းအား သူ့အစ်ကို တားမမီလိုက်။

________________________________________________

" ဟေ့! လွန်းဒီမောင်! မင်းတို့ကဒီမှာပဲ။ ရှာလိုက်ရတာ။"

ကိုယံက အမောတကောအော်ပြီး မယ်လေးနှင့်အတူ လွန်းတို့ရှိရာဆီပြေးလာသည်။ လွန်းက ကိုသော့်အား ပွေ့မလိုက်ရင်း

"ပြန်ကြရအောင် သော်ငယ်"

အမြင်တွင် မိန်းမကြီးတစ်ယောက်က ကောင်မလေးကို ပွေ့ထားသကဲ့သို့ဖြစ်နေ၍ ငြိမ်းနှင့်ကိုသော်ကလွဲပြီး ကျန်သူများ ရယ်၍မဆုံး ။ ထိုစဉ်...

"လွန်းဒီမောင်!"

သူတို့ထံ အရှိန်ပြင်းစွာ ပြေးဝင်လာသော ယောကျ်ားအရပ်အမောင်းနှင့် အရိပ်တစ်ခု။ အနီးကပ်လာမှ သွန်းဒီမောင်မှန်းသိသော ကိုယံသည် ကြောင်တောင်ငိုင်နေသည့် လွန်းရှေ့ဖြတ်ကာ၍

" သွန်းဒီမောင်! မှားမယ်!"

ဆိုပြီး သွန်း၏ လက်သီးကိုဖမ်းချုပ်လိုက်၏။ နောက်...

"မင်းတို့သွားကြတော့။ ငါ သူ့ကိုရှင်းမယ်။"

ကိုယံပြော၍ လွန်းလည်းခေါင်းညိတ်ပြီး ကိုသော့်အား အလျင်အမြန်ခေါ်ထုတ်သွားတော့သည်။

________________________________________________

"ဟူး...ဟူး..."

သူ့ရှေ့ ခေါက်တုံ့ခေါက်ပြန်ဖြစ်နေသော လွန်းမောင်က အတော်လေးမောနေသည်။

"ရပြီလား သော်ငယ်"

ပထမတစ်ခါ အင်္ကျီလဲရုံသာလဲပြီး မိတ်ကပ်မဖျက်ခဲ့၍၊ ဒုတိယတစ်ခါ မိတ်ကပ်ဖျက်ခဲ့သော်လည်း မပြောင်၍၊ တတိယတစ်ခါ မိတ်ကပ်ပြောင်သွားသော်လည်း ဖိနပ်ပြောင်းမလာ၍။ ဒါတောင် ပထမတစ်ခါ အဝတ်လဲရန်ပြောတုန်းက သော်ငယ်လဲမှလဲမည်လုပ်နေသဖြင့် ပါးကိုတစ်ချက်ဗျင်းပေးရသေး၏။ ထင်ရှားစွာ ဘယ်ဘက်ပါးတစ်ဖက်မှာ ရောင်ပြီး ဖောင်းကားကားဖြစ်နေသည်။

"လာ! ကားထဲဝင်တော့။"

"ဟုတ်!"

အထဲရောက်လျှင် လွန်းက စတင်စက်နှိုး၏။ ပထမတစ်ခါတုန်းက သော်ငယ့်အတွက် သူ ကုန်တိုက်ထဲမှ ဝယ်လာသော ယောကျ်ားဝတ်အထည်အိတ်သည် ကားနောက်ခန်းတွင်ရှိ၏။

Agape [ OC ] COMPLETEDWhere stories live. Discover now