" The term homophobia was first introduced by psychologist George Weinberg in 1960s. "ကွန်ပြူတာရှေ့ထိုင်နေသော ကိုသော့်အား ခြုံထည်လာလွှမ်းပေးရင်း လွန်းက အသံထွက်ဖတ်ပြီးမှ
" သော်ငယ် သိလား? ကိုထက်ရဲ့ homophobia က မင်းကိုကိုလောက် မဆိုးဘူး။ "
" ဟမ် ? ဟုတ်လား? "
ကိုသော်က လွန်းကို မော့ကြည့်ပြီး မေးသည်။
" ဟုတ်။ စုံစမ်းကြည့်လိုက်တော့ ကိုထက်ရဲ့ဟာက interpersonally homophobic ဖြစ်တယ်လို့ ခေါ်မလား။ သင်္ဘောပေါ်မှာ အရာရှိတစ်ဦးရဲ့ သားနဲ့ သူတွေ့ခဲ့တယ်။ သူ့ဘက်က ဘယ်လိုမှ သဘောမထားပေမယ့် အဲဒီကောင်လေးက ကိုထက်ကို အရူးအမူးစွဲလမ်းခဲ့တယ်လို့ ကြားတာပဲ။ သင်္ဘောက ချီလီမှာဆိုက်တော့ အဲဒီမှာပဲ သူတို့ဟိုတယ်ဆီ ကိုထက်ကို ခေါ်သွားပြီး..."
" ခေါ်သွားပြီး...? "
ကိုသော်မေးလျှင် လွန်းနှင့် အကြည့်ချင်းဆုံသဖြင့် လွန်းက ' ထင်တဲ့အတိုင်း ' ဟူသည့်သဘောနှင့် ပုခုံးတွန့်ပြသည်။
" ... သူ့ဆီကနေ ကိုထက် လွတ်သွားပေမယ့် နောက်ကလိုက်တဲ့ အဲဒီကောင်လေးက ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ခဏလေး။ အဲဒီပုံစံဓာတ်ပုံ ကျွန်တော်မှာရှိတယ်။ သော်ငယ့်ကို မကြည့်စေချင်ပေမယ့်... သော်ငယ်ကြည့်ချင်ရင်လည်း..."
ဆို၍ အခန်းထောင့်က ခရီးဆောင်အိတ်ကိုဖွင့်ကာ ဟိုရှာသည်ရှာ လှန်လှောပြီးနောက် လက်ထဲတွင် ဓာတ်ပုံတစ်ပုံပါလာသည်။ ကိုသော် ချက်ချင်း ယူကြည့်လိုက်သည်။ အကြိတ်ခံထားရသည့်ပုံမှာ ရုပ်ပျက်ဆင်းပျက်။
" ဘယ်လိုကားနဲ့ တိုက်မိလို့ ဒီလောက် ဖြစ်သွားရတာလဲ? "
“ မြစ်ကမ်းဘေးမှာက ကုန်တွဲကားတွေများတယ်။ သိတယ်မဟုတ်လား သော်ငယ်။ သုံးဘီးတွဲနဲ့ တစ်တွဲပြီးတစ်တွဲ ။ အဲဒီလို အကြိတ်ခံရတာ။ "
ကိုသော် သက်ပြင်းချရသည်။ ရင်ထဲမှလည်း ' ဘုရားသခင် ' ဟု တမိ၏။
" မင်း ပြောတာလည်း ဟုတ်သားပဲ လွန်းမောင်။ ဒီခန္ဓာကိုယ်ကြီးက ၃၂ ကောဌာသနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ။ ဟမ်... သေတော့လည်း ဘာမှ မဟုတ်ပါလား..."
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.