၁၃

540 51 1
                                    


ဆေးရုံဆိုတော့ နေရာတိုင်းမှာ ဆေးနံ့ရသည်။ လွန်းတစ်ယောက် ကော်ရစ်ဒါ ထွက်လျှောက်လိုက်၊ အခန်းထဲပြန်ဝင်ပြီး သူ့အိန်ဂျယ် အိပ်နေသည်ကို ဝင်ကြည့်လိုက်နှင့် ဘဝင်အေးချမ်းနေသော်လည်း ထိုဆေးနံ့များကြောင့် ရင်ထဲ အီနောက်နောက်ဖြစ်လာသလို ခံစားရသည်။ တစ်ဖန် မျက်လုံးကို အပေါ်ကပ်၍ ခေါင်းတွင်စည်းထားသော ပတ်တီးကို လက်ချောင်းတို့ဖြင့် အသာလျှောက်စမ်းကာ နှုတ်ခမ်းကဆူသလိုလုပ်ထားသေး၏။

ပျင်းလိုက်တာ~~~~

တွေးရင်း ခုတင်ပေါ် တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော အိန်ဂျယ်ကို သူ အပြင်ကနေ တစ်ချက် လှမ်းရှိုးပြန်သည်။ ပြီး မေးပွတ်ကာ ခေါင်းတညိတ်ညိတ်လုပ်၍ လှစ်ခနဲဆို ခုတင်ဘေးရှိ ခုံပေါ် သွားထိုင်လိုက်၏။ သူ့ဘက်လှည့်လို့ မျက်လုံးမှိတ်ထားသော ချမ်းမြေ့ကြည်လင်သည့် မေတ္တာခဲဘွယ်လေး၏ မျက်နှာကို တစိမ့်စိမ့် ကြည့်နေရသည်ကပဲ တန်ဖိုးရှိသည့် ပျင်းရိခြင်း ဖြစ်ပါဦးမည်။

သို့သော် လွန်း ကြာကြာ မကြည်နူးလိုက်ရ။ သံတိုင်ကာထားသော ပြူတင်းဆီ ဖြန့်ဝင်လာသည့် လေညှင်း အသွေးနှင့်အတူ စောင်ပုံထဲက ငြိမ်သက်နေလွန်းသော သော်ငယ်၏ မျက်တောင်တို့ ညင်းညင်းငြိမ့်ငြိမ့် လှုပ်ခတ်သွားသည်။ တဒင်္ဂအလျဉ်နှင့် မျက်ဝန်းအစုံ ပွင့်ဟလာသည့်အခါ ဘေးတွင်ထိုင်နေသော လွန်းကို တဖြည်းဖြည်းမော်ကြည့်သည်။ နောက်တော့ သူတို့နှစ်ဦးယူထားသည့် နေရာကို သတိထားမိသွားဟန်တူ၏။ ချက်ချင်း ထထိုင်ပြီး

" အာ~ ကိုသော် အိပ်ပျော်သွားတယ်။ "

အိပ်ချင်စိတ်မပြေသေးပုံပေါ်လျက်ပေမယ့် ချိုသာကြည်လင်သည့် အသံတွင် အားနာမှုအနည်းငယ် ရောစွတ်နေ၏။

" ခေါင်းက ဘယ်လိုနေသေးလဲ? "

စိုးရိမ်ရိပ် ဝေနေသေးသော အမေးကြောင့် လွန်း ခေါင်းယမ်း၍

" ဘာမှ မဖြစ်တော့ဘူး သော်ငယ်။ အခုတောင် အဆောင်ပြန်ချင်နေပြီ။ ဆေးရုံမှာ နေရတာလေ ကျွန်တော်ဖြင့် တအားပျင်းတာပဲ သိလား။ "

ထိုစကားကိုကြားပြီး သူ၏ အိန်ဂျယ်က စောင်ခေါက်ရင်း သန့်သန့်ညင်းညင်း ရယ်မောသည်။

Agape [ OC ] COMPLETEDOnde histórias criam vida. Descubra agora