၃၈

185 16 0
                                    


" ဖြည်းဖြည်းစား လွန်းမောင်။ "

စာမေးပွဲပြီးလည်း ကိုသော်တို့သူငယ်ချင်းတစ်သိုက်မှာ မပျော်နိုင်ပါ။ လွန်း၏ခွဲစိတ်မှုအတွက် စိတ်မောကြရပြန်၏။ သူတို့ကသာ စိတ်မောနေကြသော်လည်း ကာယကံရှင်လွန်းကတော့ အပြုံးပင် မပျက်ပါ။ သူ၏ ကိုသော်နှင့် အတူပြန်နေရ၍ ပျော်ရွှင်နေပုံပဲဟု မယ်လေးထင်သည်။

" နောက်ဆုံးတော့ နင်တို့နှစ်ယောက်ကို အတူပြန်တွေ့ရပြီ လွန်းနဲ့ ကိုသော်။ ငါ မျှော်လင့်နေတာ အဲဒါ။ "

ထိုအခါ ကိုသော်က မဖွင့်တဖွင့်နှင့် ပြုံးသည်။ လွန်းက မျက်မှောင်ကြုတ်၍ စာရိုက်ပြ၏။

နောက်ဆုံးဆိုတာမရှိဘူး ကြီးတော်။ ပြောချင်ရင် နောက်ဆုံးအစား ထာဝရလို့ပြော။ အသုံးအနှုန်း မမှန်လိုက်တာ။

လွန်း၏ စာကိုဝိုင်းဖတ်ကြတော့ ကိုသော် နှစ်နှစ်ကာကာရယ်သည်။ ကိုယံက လွန်း၏ နောက်စေ့ကို စာအုပ်နှင့် ပိတ်ချ၏။

မယ်လေး: " အေးပါ။ ပြောမိတာ မှားပါတယ်အေ။ "

ငြိမ်း: " ဘာလို့ နောက်ဆုံးမရှိရမှာလဲ? "

ငြိမ်းကို လွန်း စကားတုမပြော။ ထိုအစား သွန်းသည်

" ဘာလဲ? အနာထိလို့စပ်သွားတာလား? နောက်ဆုံးဆိုတာ မင်းပြောနေကျ စကားကြီး မို့လို့လေ။ ဟား ဟား။ "

ငြိမ်းလည်း မခံ။

" ခင်ဗျားကနော် ကိုသော် လွန်းဆီ ပြန်ရောက်သွားတာကို တော်တော် ပျော်နေပုံပဲ။ အမှန်ဆို အသည်းကွဲနေရမှာ မဟုတ်လား။ "

" ဘာဖြစ်လဲ? မင်းလိုလူမျိုးရဲ့လက်ထဲ ရောက်တာထက် ဆိုင်ရင်တော့ ကျေနပ်တာပေါ့။ အတူတူနဲ့ အနူနူဆိုပေမယ့်လည်းလေ... ကိုသော်ချစ်တဲ့သူဆီပဲ ပြန်ရောက်သွားတာကိုး။ ငါက အဲဒီလိုပျော်ပေးနိုင်တယ် ။ မင်းလို ပိုင်ဆိုင်လိုစိတ် ကြီးနေတာမှ မဟုတ်တာ။ "

" ဟွန်... ကိုသော့်ကို ပိုင်ချင်တာ မှားလား။ ကိုယ်ချစ်တဲ့သူကို ကိုယ်ပိုင်ဆိုင်ချင်တာမှားလား?"

" မမှားပေမယ့် မင်းချစ်တဲ့သူက မင်းကိုပြန်မချစ်ရင်တော့ အတင်းသိမ်းပိုက်တာမျိုးက မှားသွားပြီလေ။ "

Agape [ OC ] COMPLETEDWhere stories live. Discover now