၅၁- ဇာတ်သိမ်း

1.6K 41 12
                                    


" မြေးငယ်လေး"

" ဘွားမေ!!"

လွန်း၏ အဘွား ဘွားမေရောက်နေသည်ဆို၍ ကိုသော် သွားတွေ့သည်။ ဘွားမေက သူ့မျက်နှာအနှံ့နမ်းရှုတ်၍ လိုက်ကြည့်ပြီး

" တော်ပါသေးရဲ့။ ဘွားကို မြေးငယ် မမှတ်မိပေမဲ့ မစိမ်းကားလို့။ အရင်လို အေးချမ်းနေဆဲပဲ ဘွားမြေးလေးက..."

နှစ်ယောက်သား ပန်းဆိုင်ထောင့်လေးတွေ ထိုင်ရင်း စကားလက်စုံကျစဉ် ဘွားမေ ထည့်ပြောသည်မှာ

" အမှန်ဆို ဒါက မြေးငယ်နဲ့ မြေးမောင်ရဲ့ ဆိုင်ပါ။ မြေးငယ်တို့သွားတော့ ဘွားက ပြန်လာပြီး ခဏ ကြည့်ထားပေးတဲ့ သဘောပဲ။ "

" တကယ်လား? ဘွားမေ? "

" Of course!! မြေးငယ်လာတော့ မြေးငယ်ကို ပြန်အပ်လိုက်ပြီနော်။ "

" ဒါ... ဒါပေမဲ့ ကျွန်တော် ဘယ်က စ လုပ်ရမှန်း မသိဘူး ဘွားမေ။ "

ဘွားမေက ရယ်လျက်

" ဪ ... မြေးမောင်ကို မေးပေါ့ မြေးငယ်ရဲ့ ဘာခက်တာမှတ်လို့။ သူ အကုန်သိတယ်။ "

" ဟင့်အင်း။ သူ့ကို မမေးချင်ပါဘူး။ "

ငြင်းဆန်သော ကိုသော့်ကိုကြည့်ကာ ဘွားမေ စိတ်မကောင်းဖြစ်မိသည်။

" မြေးငယ်က မြေးမောင်ကို လက်မခံနိုင် ဖြစ်နေသေးတာကိုး...."

" ကျွန်တော် သူ့ကို မတွေ့ချင်ဘူး။ "

" အယ်...."

ဘွားမေတစ်ယောက် သက်ပြင်းချသည်။ ပြီး

" ကဲပါ... ဒါဆိုလည်း မြေးငယ်ကို ဘွားမေပဲ အကုန်သင်ပေးမယ်။ အိုခေလား?"

" တကယ်လား ဘွားမေ။ "

" တကယ်ပေါ့ ။ "

ထိုအခါ ကိုသော် တစ်ဆင့်ထပ်တောင်းဆိုသည်။

" ဒါဆို ကျွန်တော် ဒီမှာပဲ နေ့ရော ညရော လာနေလို့ရလား?"

" ဟေ?"

ဘွားမေပင် အံ့ဩရသည်။

" နေလို့ရတယ် ဆိုပေမဲ့... ဒီနေရာက အိမ်လောက်မကျယ်ဘူး မြေးငယ်ရဲ့။ မြေးက အခု နေကောင်းခါစပဲ ရှိသေးတာလေ။ "

Agape [ OC ] COMPLETEDWhere stories live. Discover now