၄၆

279 17 0
                                    

မသိမသာ ကျောင်းသားလိုလို ဘာလိုလိုနှင့် ကိုသော် ဖုန်းလေးကိုင်ပြီး အဆောင်အပေါ်ထပ် တက်သွားသည်။ တကယ်လည်း သူဟာ ကျောင်းသားပါပဲ။ တစ်နှစ်အောက်ထားရုံသာ။ ထိုအတွေးနှင့် လွန်းနေသည့်အခန်းရှေ့ရောက်လို့ အထဲ လှမ်းကြည့်လိုက်ချိန် လွန်းတို့အဖွဲ့ရှိမနေ။ ဖုန်းခေါ်သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိတဲ့။ သို့နှင့် သူ မယ်လေးဆီ ခေါ်သည်။

ထိုအခါ မယ်လေးက သူ ဘယ်လိုလုပ်သိမှာလဲဟု ပြောလွှတ်သည်။ ဖုန်းအသစ်ပြောင်းလိုက်သဖြင့် ဝင်းပြည့်မောင်နှင့် ဟန်လင်းသန့်တို့၏ နာပါတ်မှတ်ထားရန် မေ့သွားသည်။  သူ ကိုယံ့ဆီ ဆက်ကြည့်ပြန်သည်။ နံပါတ်ကိုနှိပ်နေတုန်းမှာ

" ကိုသော်?"

ခေါ်သံကြား၍ သူ လှည့်ကြည့်သောအခါ

" လွန်းကို လာရှာတာလား?"

ကိုသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

" သူတို့တွေကွင်းမှာ trainingဆင်းနေတယ်။ ရာသီပွဲ နီးလာပြီလေ။ "

ထိုအခါမှ ကိုသော် သတိရသွားကာ

" အာ... ဟုတ်သားပဲ... "

" သွားမှာလား ကွင်းကို"

" အ... အင်း။ "

ဒါပေမဲ့ သူ ငြိမ်းနှင့်တော့ အတူမသွားချင်ပါ။ မှတ်မှတ်ရရ သည်နေ့က....

" ကျွန်တော်လည်းသွားမှာ။ အတူသွားတာပေါ့။ "

နောက်တော့ ကိုသော် ပြန်ပြင်ပြောသည်။

" ဟင့်အင်း။ မလိုက်တော့ဘူး။ လွန်းမောင်ကိုတွေ့ရင် ကိုသော် ဒီမှာပဲ စောင့်နေမယ်လို့ ပြောပေးပါ။ "

သူ၏အတွေးကိုသိသည့်အတိုင်း ငြိမ်းက ခဏရပ်ပြီး စေ့စေ့ကြည့်နေသည်။

" ဘာလဲ? ကျွန်တော့်ကို ကြောက်လို့လား? "

"..."

ကိုသော် ပြန်မဖြေ။

" ကွင်းမှာ မိုးယံခန့်ဆို ခင်ဗျားယောက်ျားကို တစ်ယောက်တည်းအော်ပြီး အားပေးနေတယ်တဲ့။ "

ကိုသော် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

" ဟုတ်- ဟုတ်လား?"

Agape [ OC ] COMPLETEDWhere stories live. Discover now