" ဘာပဲဖြစ်ဖြစ် ကိုသော့်ကို ပထမဆုံးရေလောင်းတာ ကျွန်တော်ပဲ။ "
ဆေးရုံခန်းရှေ့ တန်းလျားပေါ်ထိုင်ကာ သွန်းကို ပြောနေသည့် ငြိမ်းအသံအား ကိုသော်ထွက်လာရင်း ကြားဖြစ်အောင်ကြားလိုက်သည်။
" ဘာပဲဖြစ်ဖြစ်? ဘာပဲဖြစ်ဖြစ်ဟုတ်လား? ဖြစ်သွားတာ မင်းသူငယ်ချင်းနော်။ မင်းမှာ ညှာတာစိတ်လေး နည်းနည်းတောင်မရှိဘူးလား? ငါ့ကိုရေလောင်းတာ မင်းသူငယ်ချင်း ဒဏ်ရာရတာထက် အရေးကြီးလား? ဟမ်!"
" ကိုသော် စိတ်လျှော့ပါ... ငြိမ်းက ဒီအတိုင်း...."
" ငါ့ကို လာပြီးစိတ်မလျှော့ခိုင်းနဲ့ သွန်း။ မင်းဘေးကကောင်ကိုသာ ဆုံးမလိုက်!"
ကိုသော် ငြိမ်း၏မျက်နှာကို မမြင်ချင်သည်အထိ လုံးဝသည်းမခံနိုင်တော့။ သွန်းလည်း ငြိမ်းနှင့် အလိုတူအလိုပါမို့ ငြိမ်းဘက်ကလိုက်ပြောသည်ဟု ကိုသော်တွေးလိုက်၏။
" ကိုသော် ကျွန်တော့်ကို ဥပေက္ခာပြုမလို့လား?"
ဥပေက္ခာဟူသည့်စကား၏အဓိပ္ပါယ်အား မယ်လေးဆီမှ နားရည်ဝထားသည်။
" မင်းကို ဥပေက္ခာမပြုလို့ ဒီလောက်အထိပြောနေတာပဲ။ "
" ဒါဆို ချစ်လား~"
ခပ်ရိရိမေးပြီး ငြိမ်းတစ်ယောက် ကိုသော့်လက်ကိုလှမ်းဆွဲလိုက်သည်။
" မင်း!"
"ကိုသော် ကိုသော်... ဆေးရုံမှာ မလုပ်ပါနဲ့။ "
ငြိမ်းအားဆွဲထိုးတော့မည့် ကိုသော့်လက်ကို သွန်း ကိုင်တားလိုက်ရသည်။ ထိုအခါ ကိုသော်၏ တက်ခက်သံက တိတ်ဆိတ်ဆဲ ဆေးရုံကော်ရစ်ဒါတစ်လျှောက် ဟိန်းသွားသည်။
တစ်ချိန်တည်းမှာ ခေါင်းမိုက်နေ၍ ခန္ဓာကိုမနည်းသယ်လျှောက်ရဆဲဖြစ်သော လွန်းပါ ယိမ်းတိမ်းယိုင်တိုင်ပြေးထွက်လာပြီး
" ဘာဖြစ်တာလဲ?"
ဆိုကာ ကိုသော့်အား ချက်ချင်းရင်ထဲသိမ်းထည့်လိုက်၏။
သူ၏နတ်ဘုရားဟာ ထိုပုံစံမျိုးနှင့်လုံးဝမျှမလိုက်ဖက်ပါ။ ဒေါသဖြစ်လာက တုန်ယင်လာတတ်သော သော်ငယ့်ကျောပြင်အား သူဖွဖွလေးပုတ်ပေးသည်။
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.