၃၃

227 17 1
                                    

" ကိုသော်?"

" မင်း အစောကြီးပဲ။ "

သွန်းသည် ပိုလို့‌ရှေ့တိုးလာ၏။ မနက်တိုင်း ကိုသော့်အဆောင်ရှေ့ လာရပ်ပြီး စောင့်နေတတ်သည်မှာ တစ်ပတ်လောက်ပင်ရှိပြီဖြစ်၏။ ညနေအလုပ်သွားတိုင်း အစက လိုက်ပို့ရုံသာ ရှိခဲ့သော်လည်း ဒီနောက်ပိုင်းတော့ ကိုသော်အလုပ်ဆင်းသည်အထိ ဆိုင်တွင် ထိုင်စောင့်နေတတ်သည်။

" စောစောရောက်တော့ မင်းနဲ့တွေ့ချိန်ပိုရတယ်လေ။ "

နောက်မှ လွန်းဒီမောင်အား သူလှမ်းကြည့်လိုက်သည်။
သည်။ အရင်ကထက် တိတ်ဆိတ်သွားပုံပေါ်သော်လည်း မျက်နှာတွင် မည်သို့သောအရိပ်အယောင်မျိုးမှ ရှိမနေ၍ ကိုသော့်အား ဆုံးရှုံးရမည်ကို မကြောက်ရကောင်းလားဟု သွန်း မေးခွန်းထုတ်ချင်လာသည်။

" အိုး.... လုပ်ပြနေလိုက်ကြတာ။ "

ငြိမ်းက တစ်ချက်ကလေးမျှ နှုတ်အငြိမ်မနေ။ ကိုသော့်ကို မဖဲ့ရလျှင် အိပ်မပျော်စားမဝင်ဟန်တူ၏။ ငြိမ်းကို လျစ်လျူရှု၍

" သွန်း သွားမယ်။ "

သွန်းတင် မဟုတ်။ ကိုသော်သည်လည်း လွန်းကိုပင် ဂရုမထားတော့။ ကိုယံအပါအဝင် သူငယ်ချင်းတွေအားလုံး၏ အမျက်ဒေါသများသည် ကိုသော်နှင့် သွန်းအပေါ် ကျရောက်လျက်ရှိ၏။ လွန်းမောင် တစ်ယောက်သည်သာ....

" ဘာလဲ? ခင်ဗျားနဲ့ တွဲနေတာ လွန်းနော်။ ဂေါက်ပြီး နာမည်ဆင်လို့ ဘယ်သူနဲ့တွဲမှန်းမသိအောင် ဖြစ်သွားတာလား?"

" လွန်းမောင်။"

သူ လွန်းမောင်ကို ထပ်၍ ထိတွေ့ကိုင်တွယ်လိုက်ရသည်။

" လာပါ။ သူပြောတာလည်း မှန်နေတာပဲ ဥစ္စာ။ ကိုသော် မင်းကို မေ့သွားတယ်။ "

ထိုသို့ပြော‌မှ နားထင်ကြောများထောင်‌အောင် အံကြိတ်ထားသည့် လွန်းမောင်က စိတ်လျှော့လိုက်သည်။ နောက်တွင် ငြိမ်းတစ်ယောက်တည်း ကျန်ခဲ့သည်။ သုံးယောက်အတူတူယှဉ်လျှောက်နေပေမယ့် လွန်းသည် ကိုသော်နှင့် သွန်းထက် ခြေတစ်လှမ်းစာလောက် နောက်ရောက်နေသည်။

အတန်းတက်ရန် လမ်းခွဲချိန်တွင် ကိုသော် လှည့်၍ နှုတ်ဆက်ပါ၏။ လွန်ခဲ့သော တစ်ပတ်လောက်ကစ၍ ကိုသော်သည် လွန်းအား အတန်းထဲအထိ လိုက်မပို့ရန် တားမြစ်ထားသည်။

Agape [ OC ] COMPLETEDOnde histórias criam vida. Descubra agora