973 84 1
                                    

#Unicode

တစ်ဖက်လူသည် သတိထားမိဟန်တူသော်လည်း လွန်းဆီ ကြည့်မလာ။ အရှိန်ကောင်းကောင်း စီးပြိုကျနေသော မျက်ရည်တို့ကို အတင်းပုတ်ခတ်သိမ်းဆည်းနေရသည့်ပုံမျိုးဖြစ်သည်။

" မတော်လို့ပါ"

ပြောပြီး အလိုက်တသိ သူ့ဘက်ကပဲအရင် နောက်ဆုတ်ပေးမိသည်။

"ကျေး.... ကျေးဇူး"

မျက်နှာပြင်တစ်ခြမ်းသာ တွေ့မြင်နေရသည့်အမျိုးသား၏ စကားသံက ညံ့ညံ့သက်သက်နှင့် ကြည်လင်နေသည်။ ပထမဆုံးတွေ့ဆုံမှုတွင် လွန်းတစ်ယောက် မပြုံးနိုင်ခဲ့။ သို့သော် လောကသဘာဝမို့ သူ ကျေနပ်သည်။ သူကိုယ်တိုင်သည်ပင်လျှင် ကမ်းလင့်ဖေးမ ရခြင်းများတွင် မွေ့လျော်၏။

"ဪ.... ခဏလေးဗျ"

ကိုယ်တိုင်တောင် နေ့လည်စာမစားရသေးလျှင် သူ့ရှေ့မှ အိန်ဂျယ်လည်း နေ့လည်စာလွတ်မည်ကို စိုးရိမ်မိသည်။ စိတ်ခံစားချက်မြင့်မားနေသူအား မနှောက်ယှက်သင့်မှန်း လွန်း နားလည်သော်လည်း သူ့ဘက် ဖြည်းဖြည်းဆေးဆေးလှည့်လာသောမျက်ရည်ခမ်းခြောက်ခါစ ရွှန်းတောက်သည့် မျက်ဝန်းပိုင်ရှင်ကို...

" ကျုပ်....အမ်...ကျွန်တော်က ဒီနေ့မှကျောင်းလာတက်တာ။ ကန်တင်း...."

"ကန်တင်းလား? နီးနီးလေး ညီ။ ဒီအဆောင်ကနေ ညာ...."

" မဟုတ်ဘူး!"

မျက်ဝန်းရဲရဲတို့ ပိုပြီးကျယ်ဝန်းသွားသည်။

" မဟုတ်ဘူးဆိုတာကလေ... ကျွန်တော် ခုနက ဒီတစ်ဝိုက်မှာရှာပြီးပြီ သိလား? အဲဒါ...မျက်စိလည်နေလို့ "

သူ စိတ်ဆိုးသွားမည်ကိုလည်း စိုးရိမ်သည်။ အခုက အင်္ကျီလေးတစ်ထည်ခြုံပေးပြီး ပြန်အကူအညီတောင်းသည့် အပေးအယူမျိုးဆန်နေ၏။

" အား! ဟုတ်သားပဲ!"

မေ့နေသည့် အမှုကိစ္စတစ်ခုကို ရုတ်တရက်ပြန်မှတ်မိပြီး နောင်တအကြီးအကျယ်ရသွားသည့်အမူအရာမျိုးနှင့် ထိုအိန်ဂျယ်က ပွင့်အာသွားသည့်နှုတ်ခမ်းလွှာများအား လက်ဖျားဖြင့်ပိတ်သည်။ ပြီး လွန်းဘက် ဆတ်ခနဲလှည့်ကြည့်သည်မှာ အစောက ငိုထားတာ သူမဟုတ်သည့်အတိုင်း။ ချက်ချင်းဆိုသလို စိတ်အားထက်သန်နေပြန်သည်။

Agape [ OC ] COMPLETEDWhere stories live. Discover now