၂၃

352 27 1
                                    

" သော်ငယ်! အခြေအနေ!"

ကျောင်းဆောင်ထဲက ထွက်လာသည့် ကိုသော့်ဆီ အဝေးကြီးကနေမေးရင်း ပြေးလာသည့် လွန်းမောင်အနားရောက်လျှင်ရောက်ချင်း ကျောပေါ်ခုန်တက်လိုက်ပြီး

" ဖြေနိုင်တယ်ကွ ယိစ်! လွန်းမောင်ရော"

" ယိစ် ကျွန်တော်လည်းဖြေနိုင်တယ်။ "

ဆိုကာ ပြိုင်တူ ရယ်ကြသည်။ ထိုစဉ်

" ကိုသော် ဆင်းစမ်း!"

နောက်မှ သွန်း၏ အသံကိုကြားသောအခါ လွန်းမောင်တစ်ယောက် သူ့အားကျောပိုးကာ ခပ်သောသောပြေးလေ၏။ သွန်းက နောက်မှ ပြေးလိုက်၍

" မင်းတို့နှစ်ယောက် လူကြားထဲတောင် ဘယ်လိုဖြစ်နေကြတာလဲ။ ဆင်းစမ်းပါ ကိုသော်။ မြင်မကောင်းဘူး။"

" အစ်ကိုသော်!!!"

တစ်ခါ ငြိမ်းက အဝေးကြီးမှအော်ပြီး သူတို့ဆီပြေးလာပြန်၏။ လွန်းနှင့်ကိုသော်တို့ ရှေ့ နောက် နှစ်ဖက်ညှပ်တိုက်ခံနေရသည်။

" လွန်း! မင်း ကိုသော့်ကို ချက်ချင်းချလိုက်စမ်း။ ငါလည်း သယ်ချင်တာပေါ့။"

" ဆုတောင်းလေ ဖာငြိမ်း!"

လွန်းမောင်တစ်ယောက် ပြေးပေါက်မှားနေပြီး ဘယ်နေရာကရှောင်လို့ရှောင်ရမှန်းမသိဖြစ်နေသည်။ တဖြည်းဖြည်းနှင့် သွန်းသည်လည်းမီလာ၏။ မဟန်မှန်းသိ၍ ကိုသော် လွန်းမောင်ပေါ်ကနေ လျှောဆင်းလိုက်သည်။ ထို့နောက် သုံးယောက်လုံးကိုချန်ခဲ့ကာ အရင်ထွက်ပြေးလေ၏။ ဟုတ်ပါသည်။ ကိုသော်ထင်သည့်အတိုင်း သူ ကလေးသုံးယောက်ထိန်းနေရသလိုပင်။ မယ်လေးကလည်း သူအကူအညီလိုချိန်တိုင်းမရှိတတ်။ အပြေးမြန်သောသူ့အား ဘယ်သူမျှ မမီကြ၍သာ တော်တော့သည်။

________________________________________________

" မယ်လေး ငါမှတ်ထားတယ် သိလား ဟူး...."

ဆိုကာ ရေတစ်ဗူးကုန်အောင်မော့ချသော ကိုသော့်အား မယ်လေးမျက်နှာလုပ်နေရသည်။

" ဖြည်းဖြည်း၊ ဖြည်းဖြည်းသောက် ကိုသော်။ သီးနေပါဦးမယ်"

ကိုသော် ရေဗူးကို စားပွဲပေါ်ဆောင့်ချလိုက်သည်။

Agape [ OC ] COMPLETEDWhere stories live. Discover now