#Unicode
"ဟေ့ အမောင်! ငါ ဒီမှာ!"လက္ဘက်ရည်ဆိုင်ထဲကနေ အသံကျယ်ကျယ်နှင့် လှမ်းခေါ်သော ငြိမ်းကို လွန်း ပြုံးပြလိုက်သည်။ သို့သော် ကြောက်ခမန်းလိလိအပြုံး။ ငြိမ်းဆီ စလျှောက်သွားကတည်းက လက်ဖဝါးတစ်ဖက်ကို မြှောက်လျက် အနားရောက်သောအခါတွင်တော့ ငြိမ်း၏ နောက်စေ့ကို ဖက်ခနဲ ချပစ်လိုက်သည်။
နှုတ်မှလည်း" အမောင်လို့ မခေါ်နဲ့။ ငါ့ကို မောင်လို့ခေါ်မယ့်သူက...!"
"ငါချစ်တဲ့သူပဲ ဖြစ်ရမယ်"
ငြိမ်းက စကားဆက်ပေးလျှင် လွန်းက ကျေနပ်ပြုံးကြီးနှင့် မျက်လွှာချလျက်
" မင်းတော်တယ် ဖာ....!"
"ဟိတ်ကောင်! မင်းကို အမောင် မခေါ်စေချင်ရင် ငါ့လည်း ဖာငြိမ်းလို့မခေါ်နဲ့!"
" မင်းကလည်းကွာ။ စိတ်ချည်းပဲ"
အပြစ်ပြောပြီး ငြိမ်းနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ ထိုအခါမှ ဘေးတွင် ထိုင်နေသော ကောင်လေးနှစ်ယောက်ကို သူတွေ့၏။ ငြိမ်းဘက်ပြန်လှည့်ကာ
" ညက မင်းပြောတဲ့ နှစ်ယောက်လား?"
" ဘာလဲ? အဲဒီ ဖာငြိမ်း ငါတို့အတင်းတွေ မင်းကို ပြောတာလား?"
ဝင်းပြည့်မောင်က စိတ်ဆက်သူပီပီ မခံနိုင်အောင် ထပြောသည်။
" ဟိတ်ကောင်! ငါ့ကို အဲဒီလိုမခေါ်နဲ့!"
" ဖာငြိမ်း! ငါ့babyကို မအော်နဲ့!"
သိပ်မကြာခင် ထသတ်ကြတော့မည့်အရေးကို လွန်း ကြိုမြင်နေ၍
" နေကြပါဦးဟ! ငါ့အကြောင်းလေးလည်း ပြောပါရစေဦး။ မင်းတို့ကလည်း ခင်တာ ၂၄နာရီတောင်မပြည့်သေးဘူး။ ရန်ဖြစ်နေပြီ"
" အဲဒါ ဘယ်သူအရင် စတာလဲ!"
ငြိမ်း အစဖော်ပေးလိုက်လျှင် သုံးယောက်လုံး၏ အကြည့်များ လွန်းဆီ စုပြုံရောက်လာတော့သည်။
နည်းနည်းတော့ ကြက်သီးထသလို သူခံစားရသည်။ ထို့ကြောင့် ချောင်းတစ်ချက်နှစ်ချက်ဟမ့် လည်ချောင်းရှင်းကာ စကားလမ်းကြောင်းပြောင်းသည်။" ငါလေ ဒီမှာ တက်မှာ သိလား ဟဲဟဲ။ သူငယ်ချင်းကြီးတို့ ချစ်တယ်ကွာ။"
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.