အချပ်ပို

766 28 7
                                    

အိမ်အပြင်တွင် မိုးသည်းသည်းရွာနေသည်။

" သော်ငယ် ခါးခါး။ "

လွန်းသည် မနက်တစ်ခါ၊ ညတစ်ခါ တစ်ရက်မျှ မပြတ်စေရအောင် သူ့အိန်ဂျယ်၏ ခြေထောက်တစ်စုံအား သနပ်ခါးလိမ်းပေတတ်သည်။ မျက်လွှာချ၍ ခုတင်ပေါ်  ခြေချထိုင်နေသူ သော်ငယ့်ကို သူ မော့ကြည့်သည်။ အမြဲလိုလို ကြည်မြနေသူ။ အပြုံးငွေ့နှင့် သက်ဝေကြည်ညိုဖွယ်ကောင်းသူ။ နောက်ပြီး သူ့အပေါ် တစ်နှစ်နီးပါးလောက် မူခဲ့သူ။

" လွန်းမောင်ကို ပြောဖို့မေ့နေတာ။ မကြယ်စင် ကိုယ်ဝန်တစ်လတဲ့။ "

ယောက်ျားသားနှစ်ယောက် သူများကိုယ်ဝန်အကြောင်း ဆွေးနွေးကြသည်က အနည်းငယ်တော့ တစ်မျိုးတစ်မည်ဆန်၏။ လွန်းသည် ကိုသော့်ခြေထောက်ပေါ် လက်တင်၍ ဖြည်းဖြည်းချင်း သနပ်ခါးအနှစ်နှင့် ဆွဲချပေးနေရင်း...

" နောက်ဆုံးတော့ မသော်တာရဲ့ ပုပုလုံးက သော်ငယ်တို့ မောင်နှမတွေထဲ အကြီးဆုံးဖြစ်နေပါရောလား?"

" ဟုတ်ပါ့နော်။ ထင်မှတ်မထားပါဘဲ။ "

သို့သော် မိစုံ ဖစုံမနေရခြင်းက သနားစရာ။ ထိုကလေးကို ကိုသော်တို့ပဲ ခေါ်ထားဆဲဖြစ်သည်။

" မင်းကိုကိုတို့လည်း‌ တောင်းရမ်းကြတော့မယ်။ အခု လူလွတ်ဆိုလို့ လင်းတစ်ယောက်ပဲ ကျန်ပါလား?"

ဆိုတော့ ကိုသော့်စကားကိုနားထောင်ပြီး လွန်းက ရယ်ရယ်မောမောနှင့်

" သော်ငယ် မှတ်မိသေးလားဗျ။ ရေတံခွန်မှာ မလင်း ကြောက်သေးပါတာကိုလေ? အဟား~~"

ကိုသော် ပြုံးမိသည်။ သူ့ကိုများ မှတ်မိသေးလားဟု ပြန်မေးနေသော လွန်းမောင်ဟာ ဟိုအရင်ကကဲ့သို့။ မသိလျှင် သူကိုယ်တိုင်သည်ပဲ အမှတ်တရဘဏ္ဍာတိုက်လိုလို။

" ကိုသော် မှတ်မိပါတယ်။ အခု လင်းကို သူ(မ)ကိုယ်တိုင်မရလို့ ဖေဖေတို့က စီစဉ်ပေးတော့မယ်ဆို?"

လွန်း၏ မိဘများကိုလည်း ကိုသော် ဖေဖေ၊ မေမေဟုသာ သုံးနှုန်းသည်။

" ဟုတ်တယ် သော်ငယ်။ သူ့အလိုဆို ရမှာမဟုတ်ဘူးလေ။ "

" ကလေးမွေးပေးမယ်လို့လည်း ကတိပေးထားတာကိုး။ "

Agape [ OC ] COMPLETEDWhere stories live. Discover now