၂၅

319 24 0
                                    

အခန်း-၂၅

" မင်းပြောတာမှန်တယ် လွန်း။ ကိုသော်ရွေးမယ့်သူက မင်းရောငါရောမဟုတ်တာဖြစ်နိုင်တယ်။ "

ကိုသော် လွန်းအားဆေးထည့်ပေးနေစဉ် ငြိမ်းက ဝင်လာရင်း ထိုသို့ကောက်ခါငင်ခါပြောသည်။ အမှတ်တမဲ့ဖြစ်၍ လွန်းတစ်ယောက် မျက်မှောင်ကြုတ်သွား၏။ ကိုသော်က အပြစ်ရှိသလိုခံစားရသဖြင့် ခေါင်းငုံ့ထားသည်။

" ဘာတွေပြောနေတာလဲ ငြိမ်း။ "

ဘာမျှမသိ၍မေးသောလွန်းကို ငြိမ်း တစ်ချက်ကြည့်ပြီး ကိုသော့်ဘက်မျက်နှာလွှဲသွားသည်။

" ကိုသော် ပြော။ ကိုသွန်းဒီမောင်နဲ့ ဟိုအခန်းထဲမှာ ဘာဖြစ်ခဲ့လဲ။ လွန်းရှေ့မှာ ရှင်းပြ။ "

ငြိမ်း၏ မျက်နှာက တည်တင်းလွန်းနေသည်။ ကိုသော်က လွန်း၏လက်ကိုကိုင်ထားရင်း ရှင်းပြဖို့အားယူသည်။

" အဲဒါက သွန်းကို ကိုသော်ခေါ်တယ်ဆိုပြီး မင်းကိုကိုပြောလို့ သွန်းကတက်လာတာ။ "

" အဲဒါနဲ့ ရေချိုးခန်းထဲရောက်ပြီး ခင်ဗျားကလည်း မငြင်းဘဲ တန်းလက်ခံလိုက်ရောလား?"

" မဟုတ်ဘူး ငြိမ်း"

နှုတ်မှ 'မဟုတ်ဘူး ငြိမ်း' ဟုသာပြောနေပေမယ့် ကိုသော့်အကြည့်တို့က လွန်းဆီတွင်ရှိသည်။

" သွန်းဝင်လာတာတော့မှန်တယ်။ ဒါပေမယ့် ဘာမှမဖြစ်ခဲ့ဘူး။ "

" ခင်ဗျားပြောတိုင်းယုံသင့်ရဲ့လား ကိုသော်။ အဲဒီဖောင်းနေတဲ့ မျက်လုံးနှစ်လုံးကဘာဖြစ်တာလဲ။ ရှင်းစမ်းပါဦး။ ငိုထားတာမလား"

ဆက်လက်၍ သူ လွန်းကိုကြည့်လိုက်ပြန်ကာ

"မင်းကရော လွန်း။ ကိုသော် ဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတောင် သတိမထားမိဘူးလား။ အရင်က ကိုသော်မျက်နှာမကောင်းတာကအစ ဂရုစိုက်တတ်တဲ့ကောင်က။"

" အမ်... သော်ငယ် ငိုထားတာလား။ "

ထိုအမေးတွင် ငြိမ်းသာမက ကိုသော်ပင် အံ့ဩရသည်။ လွန်းဟာ တကယ်မသိလေသလား။

" လွန်း။ မင်း နောက်နေတာမလား။ "

မေးလိုက်တော့

Agape [ OC ] COMPLETEDWhere stories live. Discover now