ငြိမ်းကိုသာ Rovaniemi ဟု ပြောခဲ့ပေမဲ့ သူတို့ရောက်နေသည်မှာ ထိုမြို့ရှိ ဦးဟန်နူးဝေတို့အပိုင် ပုဂ္ဂလိက ဆေးရုံတွင်ဖြစ်သည်။ လွန်း၏ မိဘများရော ကိုသော် မိဘနှစ်ပါးရော အချိန်တိုင်းဆိုသလို ကိုသော့်ဖို့ စားစရာများ ဝယ်လာတတ်၍ အားပေးလေ့ရှိကြသည်။ သူတို့နှစ်ယောက်တည်း အတူရှိသောအချိန်မှာ ညနေခင်း ကော်ရစ်ဒါ တစ်လျှောက် လမ်းလျှောက်ထွက်သည့်အခါသာဖြစ်သည်။
" လွန်းမောင်? ဆရာဝန်ကသာ အဆင့်၃ ဆိုးတယ်ပြောတာ ။ကိုယ် ဘာမှ မခံစားရပါလား?"
ကိုသော့်အား ဝှီးချဲပေါ်တင်ကာ လမ်းလျှောက်လာရင်း ဆိုသောအခါ
" ဘယ်ခံစားရမလဲ သော်ငယ်ရဲ့။ ဖြစ်မှန်း သိကတည်းက သော်ငယ် ဆေးသောက်နေရတာလေ။ ဒီလောက်လေးတော့ သက်သာမှပေါ့။ "
" ဟုတ်လား? "
" ဟုတ်။ ပြီးတော့ ကျွန်တော့်အိန်ဂျယ် လှလှမပျက်ဘူးနော်။ laser ablation လုပ်မှာမို့ ခေါင်းရိတ်ဖို့မလိုဘူး။ "
" ဟင်? အဲဒီလောက်လွယ်လား?"
" ဟုတ်ပါတယ်ဗျ။ သော်ငယ့် မိဘတွေကို ကျေးဇူးတင်ရမှာ ။ အကုန်အဆင်ပြေအောင် စီစဉ်ပေးလို့လေ။ "
ကိုသော် ခေါင်းညိတ်သည်။ ပြီး
" ဒါဆို မျက်လုံးကိုရော laser နဲ့ ခွဲလို့ရလား?"
" ဟင့်အင်း မရဘူး။ "
" ဘာဖြစ်လို့လဲ?"
" မသိဘူးလေ ကျွန်တော်လည်း။ ဆရာဝန်က ခွဲမရဘူးလို့ ပြောလို့။ "
" ဪ... ထူးဆန်းသား...."
ကိုသော် တွေတွေလေး စဉ်းစားသည်။
" ဟင်!"
" ဘာဖြစ်လို့လဲ သော်ငယ်။ "
ရုတ်တရက် အာမေဋိတ်သံကြောင့် လွန်း လန့်သွားသည်။
" ခုနက ဖြတ်သွားတာ ဝင်းပြည့်မောင် လားလို့။ "
လွန်းသည် မယုံဟန်
" သူတို့က ဘယ်လိုလုပ် ဒီရောက်နေမှာလဲ သော်ငယ်။ "
" ဒါပေမဲ့ သေချာပါတယ်~~"
" သော်ငယ် သိလား? ဆိုးရွားတဲ့ ဦးနှောက်အကျိတ်က ပုံရိပ်နှစ်ထပ်ဖြစ်တာတို့၊ တက်တာတို့၊ အန်တာတို့၊ ခေါင်းမူးခေါင်းကိုက်တာတို့၊ ကယောင်ကတမ်း မြင်တာတို့ ဖြစ်တယ်တဲ့။ မြန်မြန် ခွဲစိတ်မှ ဖြစ်မှာပါ..."
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.