" သော်ငယ်!"
"ကိုသော်!"
"ဟေ့ကောင်တွေ!"
လွန်းနှင့် ငြိမ်းတို့နှစ်ယောက်လုံးမသိအောင် အဆောင်မှ တိုးတိုးတိတ်တိတ်ထွက်လာသည်ကိုတောင် အလွတ်မပေးကြချေ။ ကိုသော် ပို၍ ဇက်ပုဝင်သွား၏။ ကိုယံက ကိုသော့်ထံပြေးလာသည့်နှစ်ကောင်၏ မျက်နှာများကို လက်ဝါးနှစ်ဖက်ဖြင့် ဆီးအုပ်သည်။
" ရုတ်ရုတ် ရုတ်ရုတ်တော့မလုပ်ကြနဲ့နော်။ ကြိုပြောထားတယ် ဟင်း!"
သတိပေးပြီး လွှတ်ပေးလိုက်၏။ ထိုအခါ
"ဖယ်စမ်း! ငါအရင်ရောက်တာ ဖာငြိမ်း"
" ငါ မင်းထက် ဖိနပ်ဦးကျော်နေတာမတွေ့ဘူးလား"
ကိုသော် နားနှစ်ဖက်ကိုပိတ်၍
" တော်ကြတော့! လမ်းကို ကောင်းကောင်းလျှောက်ကြချေ။"
ငြိမ်းနှင့် လွန်း ပြန်တည့်သည်ဆိုသည်မှာ ခဏပဲဖြစ်သည်။ အရင်ညကဖြင့် ကျွန်တော်တို့တည့်သွားပါပြီ၊ ကိုသော့်ကို ချစ်နေရရင်ပဲ ကျေနပ်ပါပြီဘာညာ လေပေါခဲ့သည့်ငြိမ်းရော ၊ ငြိမ်းနဲ့ ပြေလည်မှုယူလိုက်လို့ သော်ငယ်စိတ်မညစ်ပါနဲ့ဟု ချော့မော့ခဲ့သည့် လွန်းမောင်ရော မဟုတ်တော့။ ကိုသော့်ရှေ့က ကောင်လေးနှစ်ယောက်မှာ ရှိရင်းစွဲအတိုင်း ချိုကျိုး နားရွက်ပဲ့များသာသာပင်တည်း။ မတူသည်ကတော့ ရန်ဖြစ်ချိန်တိုင်း ပြဿနာအထွတ်အထိပ်မရောက်တော့ဘဲ လျှောကျသွားကြခြင်းကများပါသည်။ ဒါဟာ ကိုသော့်အတွက် သူတို့အကောင်းဆုံးပြပေးနိုင်သည့် သဘောထားကြီးမှုမျိုး ဖြစ်လိမ့်မည်။ အချိန်ကာလတ်ို့ ကြာညောင်းသွားသည့်အခါ ထိုအဖြစ်အပျက်အားလုံးမှာ အမှတ်တရအနေနှင့်ပဲ ကျန်ရှိမည်မလွဲ။ သို့သော်... လွန်းမောင်ဟာတော့ကိုသော်၏ ထာဝရသစ်လွင်မြဲ သစ်လွင်ဆဲ သစ်လွင်လတ္တံ့သော မှတ်ဉာဏ်ကလေးပင်။
________________________________________________
ထမင်းစားချိန်၌ ကန်တင်းတွင် ကိုသော်၊ ကိုယံနှင့် မယ်လေးကတစ်ဖက်၊ လွန်းတို့သူငယ်ချင်းလေးယောက်က တစ်ဖက် မျက်နှာချင်းဆိုင် ထိုင်ကြသည်။
"ဟေ့! ပုစွန်ခွံ့လိုက်ရမှာလား ငြိမ်း"
ငြိမ်းသည် ခါတိုင်းလို ကိုသော့်နား နှုတ်ခမ်းကြီး တိုးလာစမြဲ။ ကိုသော်ကလည်း သူ့အကြိုက်အစားအစာ ပုစွန်နှင့်ခြိမ်းခြောက်သည်။ တကယ်တမ်းတော့ ငြိမ်းဟာလည်း ကိုသော့်အား မထိသလို လွန်းမောင်သည်လည်း ကာကွယ်ပေးသည်။ ခုဆိုလျှင် သူ့ဘေး၌ သူငယ်ချင်းများရှိလာ၏။ မယ်လေးအပါအဝင် လွန်းမောင်တို့အုပ်စုနှင့်လည်း အတော်ရင်းနှီးလျက်ရှိသည်။
![](https://img.wattpad.com/cover/305083735-288-k657892.jpg)
VOCÊ ESTÁ LENDO
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.