Prologue : ကံဆိုးမှုဆီ ခြေလှမ်းလေးတစ်လှမ်း

16.4K 914 21
                                    

Unicode

"အမေ...သားသွားပြီနော်..." ယူယွီဟာ ဖိနပ်ကြိုးချည်နေရင်းနဲ့ နှုတ်ဆက်စကားဆိုလိုက်သည်။

တုံပြန်ချက်မရှိ။ မရှိဆို သူတစ်ယောက်တည်းနေလာတာ အတော်ကြာပြီပဲ။ မအောင်မြင်တဲ့ အကြိမ်အကြိမ်ခွဲစိတ်ကုသမှုတွေအဆုံးမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ အမေဖြစ်သူ ကွယ်လွန်ဆုံးပါးသွားခဲ့သည်။ တုံပြန်မယ့်သူမရှိလည်း ယူယွီအဆင်ပြေပါသည်။ ဒါက အိမ်ရဲ့ လစ်ဟာနေမှုကို လျော့ကျအောင် လုပ်တဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုပဲလေ။ နှစ်ထပ်အိမ်ကြီးထဲမှာ နေထိုင်တဲ့သူဆိုလို့ သူတစ်ယောက်တည်းပင်။ လွန်ခဲ့သော တစ်နှစ်၊ ယူယွီအဖေ နောက်အိမ်ထောင် ပြုပြီး အိမ်ပြောင်းသွားကတည်းက ယူယွီတစ်ယောက်တည်း အိမ်ဟောင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့သည်။

ပိုင်ယူယွီသည် အသက်၁၉နှစ်ပြည့်ပြီးပြီဖြစ်သော လူငယ်လေးတစ်ဦးဖြစ်သည်။ ရုပ်ရည် ချောမောပြေပြစ်ပြီး ပြစ်မှုမှတ်တမ်းမရှိသူ၊ နောက်ခံမိသားစုအသိုင်းအဝိုင်းကောင်းက ဆင်းသက်လာသူဖြစ်သည်။

အထက်တန်းကျောင်းပြီးပြီးနောက် တက္ကသိုလ်တစ်စုံတစ်ရာတက်ဖို့ မပြင်ဆင်ခဲ့ဘဲ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်သည့် သူ့အိမ်မက်နောက်ကိုသာ လိုက်ဖို့ဆုံးဖြတ်ခဲ့သည်။ သည်နေ့ကတော့ သူ့အတွက်ရိုက်ကွင်းမှာ သရုပ်ဆောင်ရမည့် ပထမဆုံးနေ့ဖြစ်သည်။

ပြောရရင်တော့ သူရဲ့ ပထမဆုံးဇာတ်ကောင်သည် အပိုင်း၂ပိုင်းတည်းနှင့် အသတ်ခံရမည့် ဇာတ်ကောင်ငယ်လေးဖြစ်သည်။

[အာ... နှစ်ပိုင်းတည်းကွာ...] ယုံကြည်မှု အနည်းငယ်ပျက်ယွင်းသွားပေမဲ့ ယူယွီအတွက် ပထမဆုံးဇာတ်ကောင်ဖြစ်သလို ဇာတ်ကောင်ငယ်သည် ကျော့ရှင်းသော သစ္စာဖောက်ကောင်လေး သရုပ်သဏ္ဍန်လည်းဖြစ်သည်။ ကောင်လေးသည် မသေမျိုးတွေရဲ့ သစ္စာဖောက်ဂိုဏ်သားတစ်ဦး ဖြစ်သည်။ အပြင်ပန်းအားဖြင့် ချစ်စရာကောင်းပြီး ရည်မွန်သောအသွင်ကို ဆောင်ပေမဲ့ အတွင်းစိတ် မှာတော့ သူသည် ရက်စက်သောသူဖြစ်နေခဲ့သည်။ သူသည် အဓိကဇာတ်ဆောင်ဖြစ်သည့် အဖွဲ့အစည်း ခေါင်းဆောင်ကို သတ်ချင်နေခဲ့သည်။

တတိယလူအဖြစ်ကူးပြောင်းခြင်းWhere stories live. Discover now